♪ ၂၉၉ ဒေါ်လာသာရှိတဲ့ BlackBerry ရဲ့ Android စမတ်ဖုန်း DTEK50 တရားဝင်ထွက်ရှိလာ ♫


Android ဈေးကွက်ထဲကို BlackBerry ပြန်ဝင်လာပါပြီ။ BlackBerry က အသစ်ထုတ်လိုက်တဲ့ Android စမတ်ဖုန်းဟာ ဈေးကတော့သက်သာပေမယ့်၊ မော်ဒယ်နာမည်က သိပ်နားမမိုက်ဘဲ၊ ဖုန်းဒီဇိုင်းကလည်း Alcatel ဒီဇိုင်းကြီးနဲ့ ဖြစ်ပါတယ်။

DTEK50 စမတ်ဖုန်းဟာ BlackBerry Priv ပြီးနောက် ကုမ္ပဏီရဲ့ဒုတိယမြောက် Android ဖုန်းဖြစ်ပြီး၊ Priv လို ကီးဘုတ်သက်သက်မပါတော့ပါဘူး။ ဒါပေမယ့် ဈေးမှာတော့ Priv ထက် အများကြီးပိုသက်သာသွားပါတယ်။

ဒီဇိုင်းပိုင်းပြောရမယ်ဆိုရင်တော့ BlackBerry ဖုန်းဟာ Alcatel Idol 4 ဖုန်းကို တံဆိပ်ပြောင်းတပ်ထားတဲ့ ဖုန်းလောက်သာရှိပြီး၊ ဖုန်းရဲ့ စပီကာဒီဇိုင်းကနေ အောက်မှာပါတဲ့ USB အပေါက်အထိ ဟာ့ဒ်ဝဲပစ္စည်းပိုင်းကို Alcatel ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဖုန်းရဲ့လုံခြုံရေးပိုင်းကိုတော့ BlackBerry က တာဝန်ယူထားတာ ဖြစ်ပြီး၊ တန်ဖိုးနည်းနည်းနဲ့ လုံခြုံရေးမြင့်ဖုန်းတစ်လုံးကိုင်နိုင်မယ့် အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။

BlackBerry DTEK50 ဖုန်းမှာ ၅.၂ လက်အကျယ်ရှိ 1080p မျက်နှာပြင်ပါရှိပြီး၊ ကျန်တဲ့အသေးစိတ်အချက်အလက်တွေက Alcatel Idol 4 ဖုန်းနဲ့ အတူတူပါပဲ။ Snapdragon 617 ပရိုဆက်ဆာ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 16GB ပါဝင်ပြီး၊ 2TB အထိရှိတဲ့ microSD ကတ် ထပ်စိုက်နိုင်ပါတယ်။ ဘက်ထရီကတော့ 2610mAh ဘက်ထရီပါ။

ယခုစမတ်ဖုန်းမှာ BlackBerry ရဲ့ DTEK အက်ပလီကေးရှင်းပါရှိပြီး၊ ဖုန်းမှာထည့်ထားတဲ့ apps တွေက သင့်ရဲ့ အသေးစိတ်အချက်အလက်ဒေတာတွေကို ရယူနေလဲဆိုတာ လုံခြုံရေးစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ BlackBerry ကတော့ ယခုဖုန်းဟာ ကမ္ဘာပေါ်မှာလုံခြုံရေးအကောင်းဆုံးဖုန်းလို့ ဟစ်ကြွေးထားပါတယ်။
BlackBerry DTEK50 ဖုန်းကို ၂၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ သြဂတ်စ်လ ၈ ရက်နေ့မှာ စတင်တင်ပို့ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုဖုန်းမဝယ်ယူခင်မှာ အကြံအနည်းငယ်ပေးချင်ပါတယ်။
ဒီဖုန်းဟာ Alcatel Idol 4s ဖုန်းကို အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ ဖုန်းသာဖြစ်ပြီး၊ လုံခြုံရေးစွမ်းဆောင်ရည်တစ်ချို့ပါဝင်လာတာကလွဲရင် ကျန်တာတူတူပါပဲ။ ဒီ့အပြင် Alcatel ဖုန်းဆိုရင် ဒေါ်လာ ၃၅၀ မှာ VR headset တောင် ရရှိဦးမှာပါ။ ဒါပေမယ့် BlackBerry ဖုန်းဆိုတော့ ဘာပဲပြောပြော လူရှိန်မှာပါ။

blackberry_dtek50_both_sides.jpg

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment