ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ အဖမ်းအဆီးများနေ



ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာအဖမ်း အဆီး တွေ တော်တော် များလာပြီး စစ်တပ် နဲ့ ရဲ ပူပေါင်းကာ ဈေးများ ၊ နေအိမ်တန်းလျားများ ၊ စက်ရုံ
အစရှိသဖြင့်  နေရာ တော်တော် များများ ကိုစစ်ဆင် ရေးသဖွယ်
အပူတပြင်း စစ်ဆေး နေကြပါသည် ။


ယခင် ရက်သတ္တ ပါတ် နှစ်ပါတ် ခန့် လောက်ကတည်းက စတင်ကာအဖမ်း အဆီး များရှိခဲ့ သော် လည်း ယခု အချိန်တွင်ဇတ်ရှိန်အမြင့် ဆုံး
သို့  ရောက် ရှိလာပါ ပြီး အထင်ကရ နေရာများ ဖြစ်သည့် ပတူ နန်းတစ်ဝိုက် Platinum shopping mall ,indra shopping mall အစရှိ သဖြင့် နေရာ များ ကိုဝင်ရောက် ချဉ်းနင်း စစ် ဆေးလျက်ရှိပါသည် ။ ယနေ့  Indra shopping mall တွင် လူ အယောက် ၅၀ ကျော် ကိုဝင်ရောက်ဖမ်းဆီးသွားခဲ့ သည်ဟုသတင်း
ရရှိပါသည်။ 

ဒါ့အပြင် platinum shopping mall ရှိ ဆိုင်ခန်း တော်တော်များများမှာ အဖမ်း အဆီးများရှိသည့် အတွက်ပိတ်ထားသည်ကိုသိရှိရပါသည် ။
စစ်တပ်များ နေရာအနှံ အပြားတွင် ခြေ ရှူပ် နေ ပြီးဆိုင်ကယ်များ
ဖြင့်  အနှိပ်ခန်းများ အလုပ်ရုံငယ် လေးများသို့  လှည့် လည် ကင်းထောက် နေ ကြ ပြီး လေ့ လာ နေ ကြ ပါ သည် ။

တစ် ချို့ ကလည်း အမေစု ထိုင်း နိုင်ငံလာ ပြီး ကတည်း က စတင် အဖမ်းအဆီး များ ရှိ သည်ဟုယူဆကြသူများလည်းရှိ ကြပါတယ် ။ ဒါက မှန်ကန်သည့်ယူဆချက်မဟုတ်ပါ ။ FB ကအမျိုးတွေက ဒီကိစ္စကို ၆ နှစ်လောက်မေ့ထားခဲ့တာ ပါ ။

ထိုင်း နိုင်ငံမှာ ဟိုးလွန်ခဲ့တဲ့  အရင်တုန်းက နေထိုင်ခွင့် ဘတ် တွေ နဲ့ နေသည့် အချိန် ကတည်း က ယခု လို ပဲ စစ်တပ် ပါ ပါဝင် လှူ ပ် ရှား ပြီး အုံနဲ့ ကျင်းနဲ့  ဈေး များ ၊ နေအိမ် များ ကို အတင်း ချဉ်း နှင်း ဝင်ရောက် စစ်ဆေး ကြ ပါတယ် ။ ယခင် က မီဒီယာ သိပ် အား မကောင်း ခြင်း ကြောင့်  သာ သိပ် ပြီးမသိ သာ ပေ မဲ့ ယခု အချိန်တွင် social network ဖြစ်သည့်  facebookေ ပါ် တွင် ရေး ကြ ပြော ကြ ဖြင့်  အကြား အမြင် ဗဟုသု တ များ လာ ပြီးအား လုံး နိုး ကြား ရမည့် အချိန် ပင် ဖြစ် ပါသည်။


ထိုင်းရောက် မြန်မာ ရွှေ့ ပြောင်း အလုပ် သမား တစ် ယောက် ရဲ့
ဘဝ က မလွယ် ကူ ပါ ဘူး ။ Passport မရှိ သူ များ Passport ရှိ သော် လည်း Work Permit မရှိ သူ များ
Passport နှင့်  Work permit ရှိ သော် လည်း Work permit ထဲ က သူ ဌေးနှင့်  ယခု လက် ရှိ အလုပ် လုပ်နေ သည့်  သူဌေး နှင့်  ကိုက် ညီ မှူ့ မရှိ သောသူ များ ကို ထိုင်း အစိုး ရ မှ စစ်ဆင် ရေးသဖွယ် ပြု လုပ် ပြီး ဖမ်း ဆီး နေ သဖြင့်  ရွေ့ ပြောင်းအလုပ်သမား များ အနေ ဖြင့်  ခက် ခဲ သည့် အချိန် ပင် ဖြစ်
ပါသည်။ 

မိသားစု ၊ အိုးအိမ် ၊ ချစ် ခင် သူ တွေ စွန့် ပြီး ခက်ခက် ခဲခဲ ပင် ပင်ပန်း ပန်း နှင့် ကြိုး စား ရုန်း ကန် ပြီး ကျားကုတ် ကျား ခဲ ဝမ်းဝ ဖို့  ခါး လှဖို့ အနာ ဂတ် ရည် မှန် ချက် အမျှော်အမြင် နဲ့  ဘဝ ကို ဒေါင် ကျကျ ပြား
ကျ ကျ ရင် ဆိုင် ဖို့  မွေး ရပ် မြေ ကိုကျော ခိုင်း ကာ တနယ် တကျေးမှလာရောက် လုပ်ကိုင်နေ ကြရတဲ့ ဘဝတူ တွေ ဖြစ်လို့  စိတ် မကောင်း ပါဘူး ။ 

ယခုလိုအချိန်မှာအဖမ်း အဆီးများရှိသည့်  အတွက် မြန်မာပြည်သူ /သား အများ အပြား ရှိ သော ဈေး များ Shopping mall များ သို့ အလည် အပါတ် သွား ခြင်း များ စသည် များ ကို ရှောင် ရှား သင့် ပြီး အသွား
အလာ သတိ ရှိ စေ ခြင် ပါတယ် ။ အား လုံး ဘေး ကင်း ကြ ပါ စေ ။


ဘန်ကောက်သို့  အလည်အပါတ်ဖြင့်  လာရောက်သည့်  မြန်မာ များ အနေ
ဖြင့်လည်း သွားလေရာ ပါတ်စပို့ စာအုပ်ကို တပါတည်း ယူဆောင်သွားသင့်ကြောင်း
နိုးဆော်လိုက်ရပါတယ် ။






0 comments:

Post a Comment