♪ ဈေးပေါပေါနဲ့ အသုံးပြုရအဆင်ပြေစေမယ့်စမက်ဖုန်း “Vital V1” ♫


Vital တံဆိပ်မှ စမတ်ဖုန်းများစွာကိုထုတ်လုပ်ရောင်းချပေးထားပြီးဈေးနှုန်း တန်ဖိုး မှာလည်းသင့်တင့်မျှတပါတယ်။ အချို့သောဖုန်းများကို စွမ်းရည်ပိုင်း အပြောင်းအလဲပြုလုပ်၍ ထုတ်လုပ်ပေးထားပါတယ်။ လူတန်းစားမျိုးစုံ ကိုင်ဆောင်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ V1ရဲ့ ပုံပန်း သဏ္ဌာန်သည် လေးထောင့်ကျသောအသွင်ဒီဇိုင်းရှိပြီးကိုင်ဆောင် အသုံးပြု တဲ့အခါတွင် စတိုင်ကျလှပမှုကိုရရှိစေပါလိမ့်မယ်။

မျက်နှာပြင် အကျယ်အ၀န်း သင့်တင့်မျှတသောဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်သည် 4.5 inches အကျယ်အ၀န်းရှိပါတယ်။ကြည်လင်တောက်ပသောပုံရိပ်များကိုပေးစွမ်းနိုင် စေဖို့အတွက် မြင်ကွင်းစွမ်းရည် တွင် 850 × 480 Pixels ပမာဏနဲ့ ထောက်ပံ့ ပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပါတယ်။ အဓိကကင်မရာသည် 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2 MP စွမ်းရည် ရှိပါတယ်။ ဆင်းကတ်များစွာ သုံးစွဲနေသည့်သူများအတွက်လည်းအဆင်ပြေစေမယ့်ဖုန်းပါ။

ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သောဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့်ပါ။ 2G, 3G Network အထောက်အပံ့ပေးပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် ROM ကို4GB ထည့်သွင်းပေးထားပြီးRAM ကို512MB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။

Smart Wake စနစ်ကိုအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ထည့်သွင်းပေးထားသော CPU ရဲ့ စွမ်းရည်သည် Quad Core 1.3 GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါမှာလျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Lollipop ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 1600 mAh ဖြစ်ပါတယ်။ Official Myanmar Font ပါရှိခြင်းကြောင့်လည်း ၀ယ်ယူ သုံးစွဲသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။ V1 အတွက် အာမခံသက်တမ်း ကိုတစ်နှစ်ပေးထားပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - 4 GB
CPU - Quad Core 1.3GHz
Camera - 5MP
Screen - 4.5 inches
OS - Android OS, v5.1
Contact - 09-454566688
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment