မြန်မာနိုင်ငံသည် စီးပွားရေးပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အများအပြား ဝင်ရောက် လာခဲ့သည်။ ထို့အပြင် လိုအပ်ချက် များပြားလာသော အလုပ်ခွင်နေရာများအတွက် အဓိက အခန်းကဏ္ဍဖြစ်သော ပညာရေး ကဏ္ဍသည်လည်း အဆင့်ဆင့်တိုးတက်လာနေသည်။ တိုးတက်ပြောင်းလဲလိုအပ်လာသော အလုပ်အကိုင်အခွင့်အလမ်းများအရ အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ နှစ်ဦးနှစ်ဖက်လိုအပ်ချက်များ ပိုမိုများပြားလာသည်။ ထိုအဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ work.com.mm မှ နိုင်ငံတကာ အဆင့်မီကျောင်းများနှင့် ပူးပေါင်းပြီး အွန်လိုင်းအလုပ်အကိုင်အခွင့်အလမ်းများ သာမက အွန်လိုင်းပညာရေးအခွင့်အလမ်းအသစ်ကိုပါ တိုးချဲ့သွားမည်ဖြစ်သည်။

Work.com.mm မှ အသစ်ထပ်မံတိုးချဲ့သွားမည့် အွန်လိုင်းပညာရေးပလက်ဖောင်း၏ အဓိကရည်ရွယ်ချက်အား Country manager Mr. Bart Van Dijk က “ယနေ့ခေတ် အလုပ်ရှာဖွေသူများဈေးကွက်မှာ အလုပ်ရှာဖွေသူများဟာ ပိုမိုတိုးတက်မှုကို ရှာဖွေနေကြပြီး နှစ်နှစ်အတွင်း ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများမှာ သိသိသာသာ တိုးတက်လာခဲ့ သည်။အချို့သောတက္ကသိုလ်နှင့် ကောလိပ်ကျောင်း၏ သင်တန်းများအား အွန်လိုင်းပေါ်တွင် ကျွန်တော်တို့ ကုမ္ပဏီမှ ကူညီကြော်ငြာပေးမည်ဖြစ်သည်။ ကျွန်တော်တို့ work.com.mm မှ အလုပ်အကိုင်အခွင့်အလမ်းများသာမကပဲ နိုင်ငံတကာ အဆင့်မီသင်တန်းများကိုပါ သင်ကြားနိုင်စေရန် ပညာရေး အွန်လိုင်းပလက်ဖောင်းကိုပါ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း”  ပြောကြားခဲ့သည်။

မိမိဘ၀ကိုနောက်တစ်ဆင့်တက်လှမ်းနိုင်ရန်အတွက် အကောင်းမွန်ဆုံးနှင့်အသင့်တော်ဆုံးသော အသက်မွေးလမ်းကြောင်း အလုပ်များကို အလွယ်တကူရွေးချယ်ချိတ်ဆက်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံတကာ အဆင့်မီကျောင်းများကို အလုပ်ရှာဖွေသူများ၊ အသက်မွေးလမ်းကြောင်းသင်တန်း တက်ရောက်ချင်သူများ အနေဖြင့်မိမိကြိုက်နှစ်သက်ရာ သင်တန်းကိုတစ်စုတစ်စည်းတည်းနှင့် တစ်နေရာတည်းတွင် ရွေးချယ်လျှောက်ထားနိုင်မည်။ ထို့အပြင် work.com.mm  ဝဘ်ဆိုက်မှ ဝင်ရောက်ကြည့်ရှုပြီး တိုက်ရိုက် register (မှတ်ပုံတင်စာရင်းသွင်း) လျှောက်ထားနိုင်မှာဖြစ်သည်။ အွန်လိုင်းပေါ်တွင်ရှာဖွေနိုင်သဖြင့် မည်သည့်အချိန်မဆို ၂၄ နာရီ တပတ် ၇ ရက် ဝင်ရောက်၍ မိမိတို့လိုအပ်သည်များအား အချိန်ကုန်သက်သာစွာသိရှိနိုင်မည်ဖြစ်သည်။

Shaw Academy မှ ထိုအားသာချက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏ အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်တခုဖြစ်သော work.com.mm နှင့် အွန်လိုင်းပညာရေးပလက်ဖောင်းတခုကို ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပထမအဆင့်သင်တန်းများအားလုံးကို အခမဲ့ သင်ကြားနိုင်မည့်အခွင့်အရေးကို ရယူနိုင်မည်ဖြစ်သည်။

Work.com.mm ၏ ပညာရေးအွန်လိုင်းပလက်ဖောင်းတွင်ပါဝင်သော Temasek International College မှ General Manager တဦးဖြစ်သော Mr. Amos Rao က “ကျွန်တော်တို့အတွက် အလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ work.com.mm ၏ account manager တို့ကြောင့် အလွန်အဆင်ပြေပါတယ်။ ဒီ ပညာရေးအွန်လိုင်းပလက်ဖောင်းကြောင့် အချိန်ပိုင်းကျောင်းတက်ချင်သူများနဲ့ အခြားကျောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ဆက်လက်ပြီး  work.com.mm နှင့်ပူးပေါင်းပြီး အလုပ်ရှာဖွေသူများ၊အသက်မွေးလမ်းကြောင်းသင်တန်း အတွက် လွယ်ကူလျှင်မြန်စွာ သင်တန်များ လျှောက်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသွားသည်။

အဆိုပါ work.com.mm ၏သင်တန်းကျောင်းများအပိုင်းကဏ္ဍတွင် ပါဝင်လိုသောသင်တန်းကျောင်းများ နှင့်သင်တန်းတက်ရောက်လိုသူများအနေဖြင့် www.work.com.mm/go/courses နှင့် 09-784004934 နှင့် 09-261601095 သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာ မကေခိုင်မှ အသေးစိတ်ပြောကြားခဲ့သည်။