မလေးရှား ထိန်းသိမ်းရေးစခန်းက မြန်မာတွေ ပြန်ပို့ဖို့ ဝန်ကြီးဌာနမှ ဆောင်ရွက်မည်



မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၇ဝဝ ကျော်ကို နေရပ်ကို ပြန်ဖို့ပေးဖို့အတွက် စီစဉ်ထားတဲ့ အလှူရှင်ဘက်က ရုပ်သိမ်းလိုက်ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပြန်ပို့မယ့်ရက်ကတော့ နောက်ကျသွားမယ်လို့လည်း အမည်မဖော်လိုသူ သံရုံးအရာရှိတစ်ဦးက အခုလိုပြောပါတယ်။

မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အရင်က ဖိုးလမင်း ထရိတ်ဒင်း ကုမ္ပဏီရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်ထားပေမယ့် အလှူရှင်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် မဆောင်ရွက်နိုင်တော့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ အလှူရှင်တွေရဲ့ကူညီမှုနဲ့ အဲ့ဒီနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို ပြည်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာရှိနေတဲ့ မြန်မာနိုင်ငံသား ဦးရေ ၂၈ဝဝ လောက်ရှိနေတယ်လို့ သိရပါတယ်။


RFA Burmese

0 comments:

Post a Comment