
မလေးရှားထိန်းသိမ်းရေးစခန်းရှိ မြန်မာများကို “ကမ္ဘောဇအနာဂတ်အလင်းတန်း” ကပြန် လည် ခေါ်ဆောင်ပေးမည်
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ခုတွင် ရောက်ရှိကာ ဒုက္ခရောက်နေ သည့် မြန်မာအလုပ် သမား ၂၂၉၄ ဦးကို ကမ္ဘောဇဘဏ်အုပ်စု(KBZ)၏ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေး ရှင်း (BFM) မှ အလုပ်သမား ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ MAI လေကြောင်းမှ စင်းလုံးငှားလေယာဉ် များ ဖြင့် အခမဲ့ ပြန်လည်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် အုပ်စုက ကြေညာချက်ထုတ် ပြန်လိုက်သည်။
ထို့အပြင် ပြန်လည်ရောက်ရှိလာမည့် မြန်မာအလုပ်သမားများကို မိမိတို့နေရပ် သို့ ပြန်နိုင်ရန်လည်း ခရီးစရိတ်အဖြစ် တဦးလျှင် ငွေကျပ် ၁ သိန်းစီ BFM မှ ပံပိုးကူညီသွားမည်ဟုဆိုသည်။
ဥက္ကဋ္ဌ ဒေါ်နန်းလိုင်ခမ်း ဦးဆောင်သည့် “ကမ္ဘောဇအနာဂတ် အလင်းတန်းမြန် မာဖောင်ဒေး ရှင်း”သည် အိန္ဒိယနိုင်ငံ ပို့ဘလဲသို့ ရောက်ရှိနေသည့် မြန်မာ ဒုက္ခသည် ၅၀၀ခန်နှင့် အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာ ကျွန်းတွင် လူကုန်ကူးခံရပြီး အဓမ္မကျွန်ပြု စေခိုင်းခြင်းခံရ သည့် မြန်မာရေလုပ်သား ၅၁၄ ဦး၊ မလေး ရှားရောက် မြန်မာဒုက္ခသည် ၃ထောင်ကျော် အပါအ၀င် အကူအညီလိုအပ်နေ သူ ၄ထောင်ကို မြန်မာပြည်သို့ စင်းလုံးငှားလေယာဉ်များဖြင့် စရိတ်ငြိမ်းပြန်လည်ခေါ်ဆောင်ပေးခဲ့သလို ငွေကြေးများ လည်း ထောက်ပံ ကူညီခဲ့ကြောင်း သိရသည်။
ဧရာဝတီ







0 comments:
Post a Comment