♪ iPhone 7 ကို စက်တင်ဘာ တတိယပတ်အတွင်း ဖြန့်ချိမည်ဟုဆို ♫


မိုဘိုင်းထုတ်ကုန်များနှင့်ပတ်သက်၍ အချက်အလက်ပေါက်ကြားမှုများတွင် လူသိများထင်ရှားသည့် အီဗန်ဘလပ်စ် (@evleaks) ၏အဆိုအရ iPhone 7 ကို စက်တင်ဘာလ တတိယပတ်တွင် ဖြန့်ချိရန် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါပြောကြားချက်သည် iPhone 7 ကို စက်တင်ဘာလ အစောပိုင်း သို့မဟုတ် လလယ်တွင် မိတ်ဆက်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သော ယခင်ပြောကြားချက်များနှင့် တိုက်ဆိုင်နေသည်။

အစောပိုင်းက ကူပါတီနိုအခြေစိုက်ကုမ္ပဏီအနေဖြင့် ယခုနှစ်တွင် ပုံမှန် iPhone 7, အရွယ်ကြီးမားသည့် Plus နှင့် ကင်မရာနှစ်ခုပါဝင်သည့် iPhone Pro စသည့် iPhone မော်ဒယ်သုံးမျိုး ကို ဖြန့်ချိသွားဖွယ်ရှိကြောင်း အီဗန်ဘလပ်စ်က ဖော်ပြခဲ့သည်။

သို့သော်လည်း @evleaks ကပင် Apple အနေဖြင့် Plus နှင့် Pro နှစ်မျိုးအနက် တစ်မျိုးကိုသာ ဖြန့်ချိသွားမည်ဟု မကြာသေးမီက ထပ်မံပြောကြားခဲ့သည်။


Credit to ==> Internet Journal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment