♪ ကျောဘက်ကင်မရာနှစ်လုံးနဲ့ Xiaomi ရဲ့ Redmi Pro စမတ်ဖုန်းထွက်ရှိ ♫


တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ဟာ အရင်က ထွက်ရှိခဲ့ဖူးတဲ့ ကောလဟလသတင်းတွေအတိုင်းပဲ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ သူတို့ရဲ့ စမတ်ဖုန်းအမျိုးအစားသစ် တစ်မျိုးဖြစ်တဲ့ Redmi Pro စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ Redmi Pro ဖုန်းအပြင် ကုမ္ပဏီရဲ့ ပထမဆုံးလက်ပ်တော့ဖြစ်တဲ့ Mi Notebook Air ကိုလည်း တပါတည်းမိတ်ဆက်သွားခဲ့တာပါ။

စမတ်ဖုန်းကို အမျိုးအစားသုံးမျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး 3 GB RAM နဲ့ 32 GB မမ်မိုရီပါဝင်တဲ့ အမျိုးအစား၊ 3 GB RAM နဲ့ 64 GB Memory ပါဝင်တဲ့ အမျိုးအစားနဲ့ 4 GB RAM နဲ့ 128 GB Memory အမျိုးအစားဆိုပြီး သုံးမျိုးရရှိနိုင်မှာပါ။

အဓိကလုပ်ဆောင်ချက်တွေအနေနဲ့ Xiaomi Redmi Pro ဟာ ကင်မရာနှစ်လုံးပါဝင်တဲ့ ပထမဆုံးအမျိုးအစားဖြစ်ပြီး 13 MP ရှိတဲ့ Sony ရဲ့ IMX258 ဆင်ဆာ၊ 5-lens၊ F/2.0 aperture နဲ့ PDAF autofocus စနစ်တို့ပါဝင်တဲ့ ကင်မရာနဲ့ ဒုတိယမြောက်ကင်မရာကတော့ 5-megapixel Samsung (unspecified) ရဲ့ဆင်ဆာစနစ်သုံး ကင်မရာကိုအသုံးပြုထားပြီး၊ Flash ကိုတော့ မှန်ဘီလူးနှစ်ခုကြားထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ အရှေ့ဘက်ကတော့ 5MP ရှိတဲ့ကင်မရာ၊ ၈၅ဒီဂရီထောင့်ကျယ်မှန်ဘီလူးနဲ့ f/2.0 aperture တို့ ပါဝင်ပါတယ်။

xiaomi-redmi-pro2

နောက်ထပ်လုပ်ဆောင်ချက်တွေအနေနဲ့ ကတော့ 2.5GHz deca-core MediaTek Helio X25 SoC, coupled with a Mali-T880 GPU တို့ပါဝင်တဲ့ Chipset ကိုတော့ 4 GB RAM နဲ့ 128 GB Memory ပါဝင်တဲ့ အမျိုးအစားမှာ အသုံးပြုထားပြီး၊ 3 GB RAM နဲ့ 64 GB Memory ပါဝင်တဲ့အမျိုးအစားမှာတော့ 2.3GHz ကို အသုံးပြုထားပါတယ်။ နောက်ဆုံး 3 GB RAM နဲ့ 32 GB အမျိုးအစားမှာတော့ 2.1GHz deca-core MediaTek Helio X20 SoC ကိုအသုံးပြုထားတာပါ။

Home Buttom မှာ Fingerprint Sensor လုံခြုံရေးစနစ်ကိုထည့်သွင်းထားပြီး ၅.၅လက်မအရွယ် Full-HD OLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ကိုယ်ထည်ကတော့ အလျူမီနီယံကိုယ်ထည်ဖြစ်ပြီး USB Type-C အပေါက်ပါဝင်ပါတယ်။

xiaomi-redmi-pro4

စမတ်ဖုန်းဟာ Dual SIM အမျိုးအစားဖြစ်ပြီး ဒုတိယမြောက် SIM နေရာမှာ128GB အထိတိုးမြှင့်နိုင်တဲ့ microSD ကတ်အပေါက်တစ်ပေါက်ကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်။ 4G LTE စနစ်အသုံးပြုနိုင်ပြီး ဖုန်းရဲ့ အရောင်အသွေးတွေအနေနဲ့ ရွှေ၊ ငွေရောင်နဲ့ မီးခိုးနက်ရောင်တို့နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ 32GB Memory နဲ့ ဖုန်းကိုတော့ ၂၂၅ဒေါ်လာ ၊ 64GB Memory နဲ့အမျိုးအစားကတော့ ၂၅၅ ဒေါ်လာနဲ့ 128GB Memory နဲ့အမျိုးအစားကတော့ ဒေါ်လာ ၃၀၀ အသီးသီးရှိမယ်လို့ သိရပါတယ်။

xiaomi-redmi-pro-128GB

Credit to ==> Digital Times
<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment