♪ Apple ၏ 2016 iPhone ကို ‘iPhone 6SE’ ဟုခေါ်ဆိုဖွယ်ရှိ ♫


Apple ၏ အသစ်ထွက်ရှိမည့် ထုတ်ကုန်အမည်မှာ “iPhone 6SE” ဖြစ်ပြီး အဆိုပါ နာမည်ပါဝင်သည့် package များကို ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း တရုတ်သတင်းရင်းမြစ် Apfelpage.de မှ ဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းကောလာဟလသတင်းတွင် package ကိုပြသသည့် ဓာတ်ပုံများ မပါဝင်ပေ။

ယခုကောလာဟလသတင်းများ မှန်ကန်ခဲ့ပါက အမည်မှာ Apple ၏အထင်ကရ ထုတ်ကုန် iPhone 6s နှင့် entry-level ဟန်းဆက် iPhone SE နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ဖွယ်ရှိသည်။

ပုံမှန်အားဖြင့် Apple သည် နှစ်နှစ်လျှင် တစ်ကြိမ်ခန့် စမတ်ဖုန်း ဒီဇိုင်းကို ပြောင်းလဲလေ့ရှိသည်။ လွန်ခဲ့သည့်နှစ်အတွင်း ပြောင်းလဲမှုပြုလုပ်ထားသော “S” ထုတ်ကုန်ကို ဖြန့်ချိခဲ့သည်။ ပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံနှင့် သတင်းများအရ ယခုနှစ်တွင် ထွက်ရှိမည့် စမတ်ဖုန်းသည် iPhone 6s နှင့် iPhone 6 များကဲ့သို့ အရွယ်အစားကြီးမားမည် ဖြစ်သည်။

ကောလာဟလသတင်းများတွင်မူ Apple ၏အမည်ပေးသည့်စနစ်အရ iPhone 7 ဟု ရည်ညွှန်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင်ထွက်ရှိမည့် iPhone သည် iPhone 6s အသွင်အတိုင်း ပွဲထွက်လာဖွယ်ရှိသည်။

၂၀၁၆ ခုနှစ် iPhone ကို ပါးလွှာသော ဒီဇိုင်းဖြင့် တွေ့မြင်ရဖွယ်ရှိပြီး ၃.၅ မီလီမီတာ နားကြပ်ပေါက်နှင့် ကျောဘက်တွင် အင်တာနာလိုင်းများမှာ ပါဝင်လာဖွယ်မရှိပေ။ မျက်နှာပြင်အရွယ် ၅.၅ လက်မရှိသော Plus အမျိုးအစားတွင် dual-lens camera နှင့် RAM 3GB အပြင် အားသွင်းရန်အတွက် သံလိုက် Smart Connector ပါဝင်လာဖွယ်ရှိသည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment