ဆင်းကတ်နှစ်ကတ်သုံး၊ ရှေ့နောက်ကင်မရာ၊ ဗီဒီယိုကင်မရာနှင့် Android 5.1 ဗားရှင်းနှင့် ဖုန်းကို အတန်ဆုံးသောဈေးနှုန်းဖြင့် အဆင့်မြင့်မြင့်သုံးစွဲနိုင်မည်

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် 3G စမတ်စီးရီး ဟန်းဆက်များကို အချိုသာဆုံးဈေးနှုန်း၊ အဆင့်အမြင့်ဆုံးသောနည်းပညာ၊ မြင့်မားသောစွမ်းဆောင်ချက်များနှင့်အတူ ယနေ့ ထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် အဆိုပါ 3G စမတ်ဖုန်းသစ်များကို အထူး သင့်တင့်လျောက်ပတ်သော နှုန်းထားဖြစ်သည့် သုံးသောင်း (၃၀ဝဝဝိ) ကျပ်ဖြင့်ပင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

အူရီဒူး Smart 9, Smart 10 ဟန်းဆက်များအား ၂၀၁၆ ခုနှစ် အစောပိုင်းကတည်းကပင် စတင်ဖြန့်ဖြူးပေးခဲ့ပြီး၊ အဆိုပါစမတ်ဖုန်းများအား အထူးသင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် ရရှိနိုင်ခြင်း၊ မြန် ဆန်သည့် 3G နည်းပညာကို အသုံးပြုနိုင်ခြင်း၊ စမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက် များစွာခြင်းတို့ကြောင့် သုံးစွဲသူအများ နှစ်ခြိုက်ခဲ့ကြပါသည်။ ယခုအခါ အဆင့်မြှင့်တင်ထားသည့် ဆောင်ရွက်ချက်များစွာပါဝင်မည့် အူရီဒူး Smart 10s နှင့် Smart 12 ကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

အူရီဒူး Smart 10s ဟန်းဆက်အတွက်ကို Singtech နှင့်ပူးပေါင်းကာ ပိုမိုလှပသော ဒီဇိုင်းနှင့် ရေရှည် အသုံးပြုနိုင်အောင် စီစဉ်ထုတ်လုပ်ထားပါသည်။ ၄င်းသည် ဆင်းကတ်နှစ်ကတ်သုံးဖြစ်ပြီး ၊ မျက်နှာပြင်အကျယ် ၄ လက်မရှိကာ 2MP နောက်ကင်မရာ၊ 0.3MP ရှေ့ကင်မရာ၊ 480 pixel resolution ရှိသည့်ကြည်လင်ပြတ် သားသော ဗွီဒီရိုများရယူရိုက်ကူးနိုင်မည် ဖြစ်သည်။ ၄င်၏ Operation System တွင် Android 5.1 – Lollipop, Quad-Core CPU, 4GB Internal Storage, 512 RAM နှင့် 1400mAH ဘတ်ထရီပါရှိမည်ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် Great Wall Mobile Technology နှင့် ပူးပေါင်းဖြန့်ဖြူးပေးသည့်  အူရီဒူး Smart 12 သည်  အရည်အသွေးမြင့် 3G စမတ်ဖုန်းသစ်ဖြစ်ပြီး၊ ဆင်းကတ်နှစ်ကတ်သုံး၊ 5MP အဓိကကင်မရာ နှင့် 2MP အရံကင်မရာတို့ ပါရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် 720 pixels ရှိသည့် အရည်အသွေးမြင့်ပြီး ကြည်လင်ပြတ်သားသည့် ဗွီဒီရိုများအား ရိုက်ယူနိုင်မည်ဖြစ်ပါသည်။ ၄င်၏ operation စနစ်အနေဖြင့် 4GB CPU Quad-Core နှင့် 512 MB RAM တို့ပါဝင်မည်ဖြစ်သည်။ 2000mAH ဘတ်ထရီပါဝင်သဖြင့် ကြာရှည်စွာအသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် မိုဘိုင်းဖုန်း မိတ်ဖက်အသီးသီးနှင့်ပူးပေါင်းကာ မြန်မာလူထုအတွက် သင့်တင့်လျောက်ပတ်သော ဈေးနှုန်းနှင့် ဝယ်ယူအသုံးပြုရကြိုးနပ်မည့် မိုဘိုင်းဖုန်းများ၊ WiFi Device နှင့်တကွ အခြားအရည်အသွေးမြင့် ပစ္စည်းများအား  ဖြန့်ဖြူးပေးလျက်ရှိပါသည်။ အူရီဒူးစမတ်စီးရီးတွင်ပါဝင်သည့် Smart 9, Smart 10, Smart 10s, Smart 12 တို့သည် သုံးစွဲသူများအား ဆင်းကတ်နှစ်ကတ်ဖြင့် ဖုန်း အသုံးပြုစေနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ ပိုမိုအဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ရန်အတွက် Facebook, Viber, WeChat နှင့် My Ooredoo Application တို့ကိုပါ တစ်ပါထဲ ထည့်သွင်းပေးထားမည်ဖြစ်သည်။ အဆိုပါစမတ်စီးရီးဟန်းဆက်များအား ၂၀၁၆ ခုနှစ် သြဂုတ်လ၊ ဒုတိယပတ်အတွင်း အသင့်တင့်ဆုံးဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိမိုဘိုင်းဖုန်းအသုံးပြုသူများ အမြန်ဆန်ဆုံးသော အင်တာနက် ကို ရယူအသုံးပြုနိုင်စေရန်အတွက် အဆင့်မြင့် မိုဘိုင်းဖုန်းအမျိုးအစားစုံလင် စွာ ရွေး ချယ်နိုင်အောင် ဆောင် ရွက်ပေးလျက်ရှိသည်။ အူရီဒူးမှ ဈေးနှုန်းအသက်သာဆုံး အရည်အသွေးမြင့် စမတ်ဖုန်းများ အား မြန်မာနိုင်ငံ ရှိပြည်သူလူထုအတွက် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ထို့ကြောင့်  သုံးစွဲသူများအနေဖြင့် မိမိတို့ချစ်ခင်နှစ်သက် သူများနှင့် လျှင်မြန်လွယ်ကူစွာ ဆက်သွယ်နိုင် မည်ဖြစ်သည်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာလူထုအတွက် အကောင်းမွန်ဆုံးနှင့် အဆင့်အမြင့်ဆုံးသော နည်းပညာများကို ဆောင်ယူလာပေးခြင်းဖြင့် ပိုမိုဖွင့်ဖြိုးတိုးတက်သော လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေရန် ပံ့ပိုးပေးလျက်ရှိပါသည်။