♪ မျက်လုံးလှုပ်ရှားမှုဖြင့် ဖုန်းကို ထိန်းချုပ်နိုင်မယ့် နည်းပညာ ♫

1

Massachusetts Institute of Technology (MIT), University of Georgia နဲ့ ဂျာမနီ အခြေစိုက် Max Planck Institute for Informatics တို့မှ သုတေသနပညာရှင်များက လူ့ မျက်လုံး လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ ဖုန်းဆော့ဝဲ တစ်ခုကို တီထွင်လိုက်ပါတယ်။

GazeCapture လို့ App ကို အမည်ပေးထားပြီး မျက်လုံးလှုပ်ရှားမှုကို အလွန်တိကျစွာ တွက်ချက်ပေးနိုင်ပါတယ်။ အခြား Apps များကို ဖွင့်ခြင်း၊ ဂိမ်းကစားခြင်းများကို မျက်လုံးဖြင့် ထိန်းချုပ်နိုင်ပါတယ်။ App က လူပေါင်း ၁၀ ၀၀၀ ကျော်ထံမှ မျက်လုံးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဒေတာများကို ကောက်ယူထားပြီးပါပြီ။ လက်ရှိမှာ GazeCapture App ကို အသုံးပြုနေသူ ၁၅၀၀ ခန့်ရှိနေပါပြီ။

App ရဲ့ လူ့မျက်လုံးကို အာရုံခံတဲ့ တိကျမှုဟာ လက်ရှိမှာ ၁ စင်တီမီတာလောက်သာ လွဲချော်ပါတယ်။ နောက်ပိုင်းမှာတော့ ဒေတာကောက်ယူမှု များပြားလာတာနဲ့ အမျှ ပိုမို တိကျလာမယ်လို့ ပညာရှင်များက ပြောပါတယ်။





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment