♪ LG ချစ်သူများအတွက် အရည်သွေးမြင့် စမက်ဖုန်း -" LG G5 SE " ♫


ပြီးခဲ့တဲ့အပတ်တွေက LG ဟာ G5 ရဲ့ SE version အသစ်တစ်မျိုးထုတ်လုပ်တော့မယ် လို့ ကောလာဟလတွေ ထွက်ရှိခဲ့ပြီး iPhone SE ပုံစံလိုမျိုး သေးငယ်တဲ့ device ဖြစ်လာလိမ့်မယ်လို့လည်း အားလုံးက တွေးတောထင်မြင်ခဲ့ကြပါတယ်။ တကယ်ထွက်ရှိလာတဲ့ အချိန်ရောက်မှ သတင်းတွေထက် အမှန်တရားက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။

LG G5 SE ဟာ Flagship G5 ထက် တန်ဖိုးလျော့နည်းပြီး စွမ်းဆောင်ရည်အနည်းငယ်လျော့နေ တာတွေကလွဲလို့ အားလုံးတူညီတာတွေ့ရပါတယ်။ G5 နဲ့ G5 SE မှာ အဓိကခြားနားချက်ဟာ အတွင်းပိုင်းအချက်အချို့ အဆင့်နိမ့်တာတွေ ဖြစ်ပါတယ်။ G5 SE ကို 2G, 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်ပြီး Single SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပါတယ်။

Qualcomm Snapdragon 820 အစား G5 SE မှာ Snapdragon 652 chip အမျိုးအစားကိုသာ ပြောင်းလဲထည့်သွင်းပေးခဲ့တာ သတိထားစရာအချက် ဖြစ်လာခဲ့ပါတယ်။ RAM ဟာလည်း G5 ရဲ့ 4GB ထက် လျော့နည်းနေပြီး 3GB ပမာဏကို လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။ ၅.၃ လက်မ QHD IPS Display, ကင်မရာနဲ့ ဒီဇိုင်းတွေအားလုံးဟာ LG G5 အတိုင်း တူညီစွာသုံးစွဲနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။

* Design & Build *
LG G5 SE ရဲ့ဒီဇိုင်းဟာ G5 နဲ့ တစ်ထေရာတည်းနီးပါး တူညီနေတာ တွေ့ရပါတယ်။ ကွာခြားချက်ကတော့ G5 SE ဟာ 7.3mm အထူပဲရှိပြီး G5 ဟာ 7.7mm အထူတောင်ရှိတာဖြစ်ပါတယ်။ ဒီဇိုင်းတင်မကဘဲ G5 SE မှာ ပါဝင်တဲ့အချက်တော်တော်များများဟာ LG G5 နဲ့ ကိုက်ညီနေတာတွေကို ယှဉ်ကြည့်နိုင်ပါတယ်။ G5 SE ကို သတ္တုနဲ့တည်ဆောက်ပေးထားပြီး တည်ဆောက်မှုအရည်အသွေးမြင့်မားပါတယ်။ ဒီအချက်ကို LG G5 မှာကတည်းက LG က အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါတယ်။

G5 အတိုင်းမှာ LG G5 SE ရဲ့ ဒီဇိုင်းဟာ အခြားစမတ်ဖုန်း ဘယ်ဒီဇိုင်းမျိုးနဲ့မှ ခပ်ဆင်ဆင်တောင်မတူညီဘဲ ထူးထူးခြားခြား ကွဲထွက်နေတဲ့ပုံစံမျိုး ပုံဖော်ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ နဲ့ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားတာတွေအပြင် LG G4 မှာကတည်းက လျှော့ချထားခဲ့တဲ့ Screen အရွယ်အစားကြောင့် LG G5 SE ကို လက်ထဲမှာ သက်သောင့်သက်သာ ကိုင်သုံးနိုင်ပါတယ်။

LG G2 ကစတင်ပြီး LG ရဲ့ Flagship ဖုန်းတွေမှာ ပါဝါနဲ့အသံခလုတ်တို့ကို ကျောဘက်မှာထားရှိပေးထားတဲ့ LG G series စမတ်ဖုန်းသုံးစွဲသူတွေ သတိထားမိကြမှာပါ။ ဒါပေမဲ့ G5 ရောက်တော့ volume ခလုတ်တွေကို ဖုန်းဘယ်ဘက်ခြမ်းကို ပြောင်းလဲတပ်ဆင်ပေးခဲ့ပြီး LG G5 SE မှာလည်း G5 ပုံစံအတိုင်း မြင်တွေ့ရပါတယ်။ G5 SE ဟာ 156g အလေးချိန်ရှိပြီး G5 အလေးချိန်ထက် အနည်းငယ်လျော့နည်းပါတယ်။

* Display *
မျက်နှာပြင်အရွယ်အစားဟာ G5 အတိုင်း ၅.၃ လက်မအရွယ်ဖြစ်ပြီး QHD ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်ပါတယ်။ Pixel သိပ်သည်းဆ 554ppi ထိ ပါဝင်တာကြောင့် ရုပ်ထွက်ကြည်လင်ပြတ်သားပါတယ်။ LG G5 SE မှာ Always On display ပါဝင်ပြီး မျက်နှာပြင်အကြမ်းဒဏ်ခံနိုင်ရည်ရှိအောင် Gorilla Glass 4 နဲ့ ဖုံးအုပ်ထားပါတယ်။

* Operating System and Camera *
LG Optimus UX 5.0 UI ကို Android OS 6.0.1 (Marshmallow) အပေါ်မှာ ထပ်သုံးထားပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 16MP ဖြစ်ပြီး G5 SE မှာလည်း dual camera feature ပါဝင်ပါတယ်။ 2160p 4K ဗီဒီယိုကို ရိုက်ကူးနိုင်ပြီး laser autofocus, OIS, LED flash တို့ကို သုံးနိုင်ပါတယ်။ ရှေ့ဘက်မှာ f/2.0 aperture နဲ့ 8MP အရည်အသွေးရှိ ကင်မရာတို့ တပ်ဆင်ထားပါတယ်။

* Performance *
LG G5 နဲ့ G5 SE မှာ ကွာခြားသွားတာက Processor ပိုင်းဖြစ်ပါတယ်။ Qualcomm Snapdragon 652 octa-core processor ကို အသုံးပြုနိုင်ပေမယ့် RAM ကတော့ 3GB ကိုပဲ ထည့်သွင်းထားပါတယ်။ Adreno 510 ဂရပ်ဖစ်ဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ရှိပြီး 256GB အထိ မြှင့်တင်နိုင်ပါတယ်။ Quick Charge 3.0 ကို support လုပ်ထားပြီး အားသွင်းချိန် အလွန်မြန်ဆန်တာကြောင့် မိနစ် ၃ဝ နဲ့ ၈၃% အားပြန်ပြည့်လာနိုင်ပါတယ်။

Specification
Display : 5.3 inches, IPS LCD capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, upto 256GB
Camera : 16 Megapixel, laser autofocus, OIS (3 axis), LED flash
OS : Android OS, v6.0.1 (Marshmallow)
Phone : 01-398436 (UNiQUE)
Price : 729,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment