♪ “Samsung Galaxy J Max” ♫


Samsung Galaxy J Max ဟာ မျက်နှာပြင်ကျယ်ကျယ်နဲ့ ဖုန်းတွေကို အသုံးပြုချင်ကြတဲ့သူတွေအတွက် အထူးထုတ်လုပ်ပေးထားတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ခိုင်ခံ့တောင့်တင်းတဲ့ ကိုယ်ထည်ရှိပြီး လှပ ခန့်ညားတဲ့ ရွှေရောင်နဲ့ အမည်းရောင်နှစ်မျိုးကိုသာ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ 

GSM, HSPA နဲ့ LTE Network တွေမှာ အသုံးပြုနိုင်ပြီး Nano SIM Card 2 Card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ ၇ လက်မတောင် ရှိပါတယ်။ Display ကို TFT Capacitive Touchscreen အမျိုးအစားနဲ့ ဖန်တီး ထုတ်လုပ်ပေးမှာဖြစ်ပြီး ၎င်းမျက်နှာပြင်ကနေ 800×1280 pixels အရည် အသွေးရှိမြင်ကွင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

၁လက်မ အတိုင်းအတာမှာ တော့ 216 ppi pixels ပမာဏသိပ်သည်းဆကိုပေးစွမ်း နိုင်ပြီး မျက်နှာပြင် ပေါ်မှာ လက်ချောင်းတစ်ချောင်းထက်ပိုမိုထိန်းချုပ်လို့ရတဲ့ Multitouch စနစ် ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ကင်မရာအရည်အသွေးပိုင်းကတော့ အလွန်ကောင်းမွန်တဲ့ အမျိုး အစားထဲမှာမပါရှိပေမယ့် 8MP Resolution အရည် အသွေးရှိပြီး 30 fps မှာ 720p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးလို့ရပါတယ်။ အရှေ့ကင်မရာလေးကတော့ 2 MP သာ ပါရှိပါတယ်။

ဖုန်းထဲမှာ Data တွေကိုသိမ်းဆည်းပေးထားနိုင်တဲ့ Internal Memory 8 GB သာပါရှိပေမယ့် Micro SD Card ကို 256 GB အထိ ထပ်စိုက်သုံးနိုင်ပါတယ်။ RAM ကတော့ 1.5 GB ရှိပါတယ်။ ဘက်ထရီစွမ်းအားပိုင်းအနေနဲ့ Removable Li-Ion 4000 mAh တောင်ပါရှိတာကြောင့် စိတ်ကြိုက် ဖုန်းသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
CPU - Quad-Core 1.5 GHz Cortex-A7
Memory - 8 GB
OS - Android OS, v5.1 (Lollipop)
Bluetooth - v4.0, A2DP

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment