♪ ဂိမ်းကစားတာလို ကွန်ပျူတာရဲ့ ဦးနှောက်လေ့ကျင့်ခန်းများက ရူးသွပ်ခြင်းများကို နှောင့်နှေးစေနိုင် ♫


အယ်လ်ဇိုင်းမားရောဂါအပြင် ရူးသွပ်တာတွေကို နှောင့်နှေးစေတဲ့ နည်းလမ်းတွေထဲမှာ ကွန်ပျူတာထဲက လေ့ကျင့်ခန်းတွေကို ပြုလုပ်တာလဲ ပါဝင်လာပါတယ်။ အယ်လ်ဇိုင်းမားရောဂါအဖွဲ့ရဲ့ သုတေသီတွေပြောကြားချက်အရ ကွန်ပျူတာ ပရိုဂရမ်တွေဟာ ရူးသွပ်တာတွေ ကို နှောင့်နှေးစေပြီး ဖြစ်ပွားနိုင်ခြေတွေကနေ ထက်ဝက်လောက်လျော့ကျစေတယ်လို့ ၁၀နှစ်ကြာသုတေသနတစ်ရပ်အရ တွေ့ရှိခဲ့ရတာပါ။

လက်ရှိကွန်ဖရင့်စ်မှာ တွေ့ရှိခဲ့တဲ့ ရလဒ်တွေအရ ဒီလိုဝေဒနာတွေကို ထိထိရောက်ရောက် ကုသနိုင်တဲ့ နည်းလမ်း ၃မျိုးထဲမှာ ခက်ခဲတဲ့ ဗီဒီယိုဂိမ်းတွေကို ဆော့ကစားတာလည်း ပါဝင်လာခဲ့တာပါ။ အရင်ပြုလုပ် ခဲ့ဖူးတဲ့ သုတေသနတွေအရတော့ ဗီဒီယိုဂိမ်းကစားတာဟာ ဦးနှောက်အပေါ် ဘယ်လိုအကျိုးသက်ရောက် မှုမှမရှိဘူးလို့ဆိုခဲ့ပေမယ့် ဒီတစ်ခေါက်သုတေသနကတော့ ဒီအဆိုပြုချက်ကို ငြင်းဆန်လိုက် တာလည်း ဖြစ်ပါတယ်။

အဲ့ဒီအပြင် လက်ရှိအချိန်အထိ ရေရှည်လေ့လာနေတဲ့ သုတေသနတွေကလည်း ဂိမ်းဆော့တာဟာ အကျိုးသက်ရောက်မှုရှိစေတယ်လို့ ပြောကြားခဲ့တာပါ။

ဒီသုတေသနအသစ်အတွက် သုတေသီတွေဟာ ပျမ်းမျှအသက်အရွယ်ကြီးတဲ့လူ ၂၈၃၂ယောက်ကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပြီး စမ်းသပ်မှုတွေအပြီးမှာ ဒီလိုလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တဲ့ သူတွေဟာ ၄၈ရာခိုင်နှုန်းအထိ တိုးတက်တဲ့ အနေအထားရှိနေခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment