BIOS Update လုပ်မယ်ဆိုရင်.....
BIOS ဆိုတာက Basic Input Output System ရဲ့ အတိုကောက်ပါ။အလွယ်ဆုံး နားလည်အောင်ပြောရရင်
ဝင်းဒိုးမတက်ခင် ပထမဆုံး ပေါ်လာတဲ့ Screen ပေါ့။
သူက CPU , RAM ,VGA, HDD ရှိမရှိ ကောင်းမကောင်း မှန်မမှန် စစ်ဆေးပြီး အားလုံးကောင်းတော့ မှ စက်ကို ၀င်းဒိုးတက်စေတာ။အကျယ်ပြောရရင်တော့ CPU,Motherboard,Keyboard,VGA,HDD,Memory...စတာတွေ ကောင်းမကောင်း။ရှိမရှိစစ်မယ်။ကောင်းမယ်။ရှိမယ်ဆိုရင်တော့ BootStrapLoader ကနေပြီး OS ကိုရှာပြီး Window တက်စေတာပေါ့။
ခုတော့ အဲဒီစနစ်မရှိတော့ စက်ကတော့ နိုးမယ်။ ဘာမှမလာဘူးဖြစ်တာပေါ့။
ဒီတော့ BIOS ကို Update လုပ်မယ်ဆိုရင်...
၁။မီးပျက်တတ်တဲ့နေရာမျိုးဆိုရင် UPS ရှိမှဖြစ်ပါမယ်။ မီးပျက်လို့လုံးဝမရပါ။
၂။ မိမိရဲ့စက် သုံးရတာ အဆင်ပြေနေတယ်ဆိုရင် BIOS Update မလုပ်ပါနှင့်။
၃။ အပူကြောင့် စက်ဟန်းတာမျိုးမဖြစ်ရအောင် ပန်ကာတစ်လုံးလောက် စက်ကိုမှုတ်ထားပေးလိုက်ပါ။
၎။BIOS လုပ်နေစဉ် အတွင်း မှာ တက်လာတဲ့ Message များကို သေချာစွာဖတ်ရှုပြီးမှ ညွှန်ကြားသည့်အတိုင်းမသွေ မတိမ်း လုပ်ဆောင်ပေးပါ။
၅။ BIOS လုပ်နေစဉ် အတွင်း စက်ကို Restart .Shutdown မလုပ်မိရန်နှင့် အဆိုပါ Restart .Shutdown ဖြစ်စေသော Program များ Run နေခြင်းရှိမရှိ သေချာစွာ စစ်ဆေးပေးပါ။
၆။ မိမိစက် မော်ဒယ်လ်နံပတ် နှင့် ကိုက်ညီမှုရှိသော BIOS ဟုတ်မဟုတ် သေချာစွာစစ်ဆေးပါ။
ဒီလောက်ဆိုရင်တော့ ရလောက်ပါပြီ။ 
သူငယ်ချင်းတွေ BIOS Update ကို အောင်မြင်စွာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
BIOS Update လုပ်မလို့ လား
ဒီအကြောင်းလေးကို အခြေခံပြီး မသိသေးတဲ့ သူတွေ မိမိရဲ့ စက်တွေ ပျက်စီးမှု မဖြစ်အောင် ပို့စ်တစ်ခုတော့
တင်မှ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။
မလုပ်မဖြစ်လို့  လုပ်ရမယ်ဆိုရင်တော့ လုပ်ပါ။ စမ်းယုံသက်သက်ဆိုရင်တော့ မလုပ်တာ ကောင်းလိမ့်မယ်။ BIOS update လုပ်မယ်ဆိုရင်လည်း ဒါလေးတွေ ကြိုပြီး စဉ်းစားပါ။ 
ကိုယ်သုံးတဲ့  MotherBoard အမျိုးအစားက ဘာကို သုံးထားတာလဲ။ ကျွန်တော့်အသိတယောက်တော့ MSI Mo therBoard ကို BIOS Update လုပ်တာ Board လစ်သွားတယ်။ ဒါနဲ့ နောက်ထပ် MSI Board အသစ်မှာထပ်လုပ်တယ် ထပ်ကြွပြန်ရော...  
အဓိကပြသနာက ကိုယ် Internet ကနေယူလာတဲ့ BIOS Update ဟာ ကိုယ်အသုံးပြုတဲ့  MotherBoard Model နဲ့ မကိုက်ဘူးဆိုရင်တော့ အပေါ်မှာ ဖြစ်ခဲ့တဲ့ ပြသနာတွေ ဖြစ်နေမှာပဲ... 
ဒါကြောင့် Internet ကနေပြီး ကိုယ့်  MotherBoard Model No. ကိုက်ညီတဲ့ အမျိုးအစားကိုတွေ့  မှသာလျှင်လုပ်ပါ။ 
သူရဲ့ BIOS Update လုပ်ပုံက ကိုယ် BIOS Update လုပ်မဲ့ စက်ကို အရင်ဦးဆုံး Windows တက်ပေးရပါတယ်။ ပြီးတော့ MotherBoard Driver ခွေကို ထည့်ပြီး Run လိုက်ပါ။ Software Application Tab ကနေ BIOS Update ကိုရွေးပြီး ကိုယ်ယူလာခဲ့တယ် BIOS Update File တည်ရှိတဲ့ နေရာကိုလမ်းကြောင်း ပေးလိုက်ပါ။ ပြီးလျှင် Restart ချပါ။ 
ကျွန်တော့်ကလဲ့တုန်းကတော့ အဆင်ပြေစွာပဲ Board တက်ခဲ့ပြီး တကယ်လည်း BIOS Update ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းလာတဲ့ Asus MotherBoard တွေမှာတော့ BIOS Update ကို CMOS Setting ကနေတဆင့် Update လုပ်လို့ ရတာကို မြင်ခဲ့ရပါတယ်။ သူ က BIOS Update File ကို MemoryStick ကနေတဆင့်ကူးယူ၍ Update လုပ်တာပါ။ အစင်ပြေခဲ့ပါတယ်။ အရင်တုန်းကတော့ BIOS Update ကို
DOS mode ကနေပြီး Update လုပ်ရတယ်လို့ ကြားဖူးပါတယ်။ ကျွန်တော်တော့ တခါမှ DOS mode ကနေ BIOS Update မလုပ်ဖူးပါ။ ဘယ်လိုပဲဖြစ်ဖြစ် BIOS Update လုပ်မယ်ဆိုရင်တော့ ပေါ့ပေါ့စစ မလုပ်ဖို့ ။ ကျွန်တော်အကြံပြုထား သလိုပဲ ကြိုတင်စဉ်းစားပြီးမှ လုပ်စေချင်ပါသည်။
Credit: ကိုညီ & www.minnaymaung.blogspot.my
1 comments:
ဘယ်လိုလုပ်ရတာလဲ
Post a Comment