♪ Android ဖုန်းတွေထက် iPhone ကို ရွေးချယ်ဖို့ Apple ရဲ့ နောက်ထပ်အကြောင်းပြချက် ♫


ဒီအပတ်ထဲမှာ Mac တို့ iPhone တို့ ပေါ်မှာ တစ်ယောက်ယောက်ကနေ အီးမေးနဲ့ ဖြစ်ဖြစ် စာသား မက်ဆေ့လေးတစ်စောင်နဲ့ဖြစ်ဖြစ် ပို့ လိုက်ရုံနဲ့ သင့်ဖုန်းလုံခြုံရေးကို ထိခိုက်အောင်သွားအောင် လုပ်လို့ ရတယ် ဆိုတာတွေ့ ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘီလျံနီးပါးလောက်ရှိမယ့် Android ဖုန်းတွေကို ထိခိုက်စေခဲ့တဲ့ Stagefright vulnerability နဲ့ သိပ်ကို ဆင်တူနေပါတယ်။

Apple ဟာ ချက်ချင်းပဲ Macs တွေနဲ့  iPhones တွေပေါ်မှာ ဆော့ဖ်ဝဲလ် updates တွေနဲ့  တွေ့ ထား တဲ့အပြစ်အနာအဆာတွေကို ရှင်းခဲ့ပါတယ်။ (update ကို iOS 9.3.3 နဲ့ Mac OS X 10.11.6 ထိ တင်လို့ ရပါ တယ်။ ကိုယ့်ရဲ့ Apple Watch တို့  Apple TV တို့ မှာလည်း update တင်သင့်ပါတယ်။)


ဒါပေမယ့် ဒီနေရာမှာ Apple ဖြေရှင်းလိုက်နိုင်တဲ့ လုံခြုံရေး ပြဿနာထက် ပိုပြီးနက်နဲတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်။အဲဒီပြဿနာကိုတော့ Android တွေပေါ်မှာ ဖြေရှင်းနိုင်ဖို့ မရှိသေးပါဘူး။ ဒါက Android ထက် iPhone ကို ရွေးချယ်ဖို့  အကြံပြုချက်ပေးရတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။



ပြီးခဲ့တဲ့နှစ်က Android တွေကို Stagefright vulnerability တိုက်ခိုက်မှုဖြစ်ခဲ့တုန်းက devices အတော် များများဟာ လုံခြုံရေး မြှင့်တင်မှုကို မရခဲ့ကြပါဘူး။ Android အဖွဲ့ အစည်းတွေ ဖြစ်တဲ့ Samsung နဲ့ HTC တို့ ဟာ သူတို့ ရဲ့ စက်အသစ်တွေပေါ်မှာတော့ update တင်နိုင်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Android ဖုန်း  တော်တော်များများကတော့ အချိန်အတော်ကြာတဲ့အထိ လုံခြုံရေးပိုင်းထိခိုက်ကျန်နေစမြဲပါပဲ။



Android နဲ့ iPhone တွေအကြားဆုံးဖြတ်ချက်ချရာမှာ စဉ်းစားစရာတစ်ခုရှိနေပါတယ်။ လုံခြုံရေးပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုတွေရှိတာခြင်းအတူတူ Apple ဟာ သူ့ ရဲ့ iOS စနစ်ပိုင်းတစ်ခုလုံးကို ချက်ချင်းပဲ ပြင်လို့   ပြုလို့ အောင် လုပ်ထားတာပါ။ Android မှာတော့ သူ့ စနစ်ကို ထိခိုက်နစ်နာစေမယ့်အရာတွေ အနေနဲ့ Google ၊ Hardware ပိုင်းတွေ နဲ့ တယ်လီကွန်းဆက်သွယ်ရေးစနစ်တွေစသည်ဖြင့် အများကြီးပဲ ရှိထားပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေနဲ့ အချိန်နဲ့ တပြေးညီဖြစ်ပြီး ကိုက်ညီတဲ့ အဆင့်မြှင့်တင်မှု updates တွေကို မထုတ်ပေးနိုင်တာ  ဖြစ်ပါတယ်။ဒါ့ကြောင့်ပဲ Android ဖုန်းအများစုဟာ တစ်နှစ် နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ ခေတ်မမီတော့တဲ့ ဆော့ဖ် ဝဲလ်နဲ့ ပဲ ဆက်ပြီး သွားနေတုန်းပါပဲ။ဒီလို အကြောင်းကြောင်းကြောင့်ပဲ ပြီးခဲ့တဲ့နှစ်က Android သုံးသူတွေ အားလုံး ဒုက္ခရောက်ကုန်တာပါ။



သင့်အန်းဒရိုက်ဖုန်းကို အချိန်နဲ့ တပြေးညီ Update လုပ်လိုပါက အကောင်းဆုံးအနေနဲ့ Google ရဲ့ကိုယ်ပိုင်စမတ်ဖုန်းတွေဖြစ်တဲ့ Nexus ဖုန်းအမျိုးအစားကိုပဲ ဝယ်လိုက်ပါ။ အဲဒီဖုန်းတွေမှာဆို တယ်လီကွန်းစနစ်တွေ ထုတ်လုပ်သူတွေဆီက ဘာအနှောင့်အယှက်မှ မရှိဘဲ update တွေကို Google က update ပေးတာနဲ့ချက်ချင်းရယူနိုင်ပါတယ်။



Android စနစ်ကြီးတစ်ခုလုံးနဲ့ ပတ်သတ်ပြီး မျှော်လင့်ထားတာတွေ ရှိနေပါတယ်။ Google ဟာ Nexus စမတ်ဖုန်းတွေနဲ့မတူဘဲ ကိုယ်ပိုင် Hardware တစ်ခု တည်ဆောက်လို့ ရအောင်လုပ်ပြီး Android တွေကို ကောင်းမွန်တိုးတက် လာအောင် ပိုပြီးအားထုတ်လာနေပါတယ်။ ဒီနှစ်ကုန်မှာ ဆိုရင် Google ထုတ် Nexus ဖုန်းအသစ်တွေကို တွေ့ ရတော့မှာဖြစ်ပြီး နောက်နှစ်ထဲမှာ Nexus စီးရီးနဲ့မတူတဲ့ Google ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းအသစ်တွေကိုတွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: Business Insider
Wai Lin Aung (Myanmar Mobile App)


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment