♪ Xiaomi Mi Notebook Air ကို ယှဉ်ပြိုင်မယ့် Lenovo Air 13 Pro လက်ပ်တော့ထွက်ရှိ ♫


လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမှာ ထွက်ရှိသွားတဲ့ Mi Notebook Air ဟာ စွမ်းဆောင်ရည်ပိုင်းကော၊ ဒီဇိုင်းပိုင်းမှာပါ ကောင်းမွန်မှုရှိသလို၊ ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် လက်ပ်တော့သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါတယ်။

Xiaomi အနေနဲ့ လက်ပ်တော့ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာတာကို တခြားလက်ပ်တော့ထုတ်လုပ်သူကုမ္ပဏီတွေအနေနဲ့ သေချာပေါက် ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘဲ၊ အခုဆို Mi Notebook Air ကို ဖိုက်ဖို့အတွက် Lenovo က စတင်ထိုးစစ်ဆင်လိုက်ပါပြီ။

Lenovo ဟာ Xiaomi ရဲ့ Mi Notebook Air နဲ့ အသေးစိတ်အချက်အလက်တွေ တော်တော်များများတူညီတဲ့ Air 13 Pro လက်ပ်တော့ကို ကြာသပတေးနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

Lenovo ရဲ့ Air 13 Pro လက်ပ်တော့မှာ ၁၃.၃ လက်မအကျာ် IPS မျက်နှာပြင်နဲ့ Intel i5-6200U ပရိုဆက်ဆာတို့ ပါရှိပြီး၊ အလေးချိန်က ၁.၂၉ ကီလိုဂရမ်သာရှိပါတယ်။ Mi Notebook Air က ၁.၂၈ ကီလိုဂရမ်ဆိုတော့ မကွာသလောက်ပါပဲ။ Storage ပိုင်းမှာလည်း Mi Notebook Air အတိုင်း 256GB SSD နဲ့ RAM 4GB တို့ပါရှိပါတယ်။ Lenovo Air 13 Pro ဟာ အထူအားဖြင့် ၁.၄၈ စင်တီမီတာလောက်သာရှိပြီး၊ 2GB NVIDIA GT940MX ဂရပ်ဖစ်ကတ်ပါရှိပါတယ်။

Xiaomi လက်ပ်တော့နဲ့မတူတဲ့တစ်ချက်ကတော့ Lenovo Air 13 Pro မှာ လက်ဗွေရာဖတ်စနစ်ပါဝင်လာပြီး၊ အသုံးပြုသူအကြိုက်တွေ့မယ့် စွမ်းဆောင်ရည်ကောင်းတစ်ခုဖြစ်ပါတယ်။
Lenovo Air 13 Pro ကို ယခုအခါ ကြိုတင်စာရင်းပေးမှာယူနိုင်ပြီဖြစ်ပြီး၊ လက်ရှိဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၄၉၉၉ (မြန်မာငွေ ၈ သိန်း ၉ သောင်းခန့်)ပါတယ်။ ဒါဟာ ၁၃.၃ လက်မမျက်နှာပြင် Mi Notebook Air နဲ့ ဈေးနှုန်းတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ကြိုတင်ရောင်းချမှုကာလပြီးရင်တော့ ဈေးနှုန်းက နောက်ထပ်တစ်သိန်းလောက် ထပ်များဖွယ်ရှိပါတယ်။

Xiaomi Mi Notebook Air ဟာ လက်ဗွေရာဆန်ဆာမပါပေမယ့်၊ Mi Band 2 နဲ့ Bluetooth ချိတ်ပြီး၊ unlock လုပ်ပေးနိုင်ပါတယ်။ အရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်၊ Xiaomi လက်ပ်တော့ကော Lenovo လက်ပ်တော့ကောဟာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ဈေးသက်သာတဲ့လက်ပ်တော့တွေဖြစ်တာကြောင့် သုံးစွဲသူအကြိုက်ပေါ်မှာပဲ မူတည်ပါတယ်။

lenovo-air-13-pro-13

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment