♪ ဖက်ရှင်ကျကျလက်ပ်တော့ကိုင်ချင်သူတွေအတွက် VAIO ရဲ့ C15 လက်ပ်တော့စီးရီးအသစ် ထွက်ရှိလာ ♫


လက်ပ်တော့ဈေးကွက်မှာ အချိန်အနည်းငယ်ကြာပျောက်ကွယ်နေခဲ့တဲ့ VAIO ရဲ့ လက်ပ်တော့စီးရီးအသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ C15 စီးရီးလက်ပ်တော့တွေဟာ ကုမ္ပဏီကထုတ်ထားတဲ့ လက်ပ်တော့အများစုလို တန်ဖိုးကြီးလက်ပ်တော့တွေမဟုတ်တော့ဘဲ၊ ပရိုဖက်ရှင်နယ်သမားတွေ ထက်စာရင် ကျောင်းသားလူငယ်တွေဘက်ကို ပစ်မှတ်ထားထားတဲ့ ဖက်ရှင်ကျကျလက်ပ်တော့တွေဖြစ် ပါတယ်။ ဒါပေမယ့် ဈေးကတော့အနည်းငယ်များတုန်းပါပဲ။

C15 လက်ပ်တော့စီးရီးအနိမ့်ဆုံးမော်ဒယ်မှာ ၁၅.၅ လက်မအကျယ် 1366×768 pixels မျက်နှာပြင်ပါရှိပြီး၊ ၂၀၁၆ ခုနှစ်ထွက် လက်ပ်တော့တစ်လုံးအနေနဲ့ ရုပ်ထွက်နိမ့်နေသေးတယ်လို့ ပြောလို့ရပါတယ်။ Intel Celeron 3215U ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 4GB တို့ပါရှိပြီး၊ ဈေးနှုန်းက ဒေါ်လာ ၆၅၀ ခန့်ရှိပါတယ်။ ပေးရတဲ့ဈေးနဲ့ သိပ်မတန်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီထက်အမြင့်လိုချင်ရင်တော့ အပြာရောင်နဲ့အညိုရောင်၊ အဖြူရောင်နဲ့ကြေးရောင်ရောစပ်ထားတဲ့ C15 မော်ဒယ်အမြင့်လက်ပ်တော့ကို ဝယ်ယူနိုင်ပြီး၊ မျက်နှာပြင်အကျယ်က ၁၅.၅ လက်မပဲဖြစ်ကာ၊ 1080p display ဖြစ်သွားပါတယ်။ RAM အနေနဲ့ 8GB ပါဝင်ပြီး၊ Intel i3 ပရိုဆက်ဆာကို အသုံးပြုထားတယ်လို့သိရပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင်ကြေငြာထားခြင်းမရှိပေမယ့်၊ ဈေးကြီးမယ် ဆိုတာ အသေအချာပါပဲ။

Japan Industrial Partners ကို ရှယ်ယာ ၉၅ ရာခိုင်နှုန်းအထိ ရောင်းချထားတဲ့ VAIO ရဲ့ C15 လက်ပ်တော့တွေကို ဂျပန်နိုင်ငံမှာပဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ တခြားဈေးကွက်တွေကို တင်သွင်းသွား မလားဆိုတာကိုတော့ မသိရသေးပါဘူး။

သင့်အနေနဲ့ ပလတ်စတစ်ကိုယ်ထည်ဆန်ဆန် အဝါနဲ့အနက်စပ်ထားတဲ့ လှတပတလက်ပ်တော့လေး ကိုမှ ဈေးတန်တယ်ထင်ပြီး ဝယ်ချင်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံကိုသွားရောက်ဝယ်ယူရမှာပါ။

Capture 

21.0

Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment