♪ ဘက်ထရီစားသက်သာသွားပြီး၊ စွမ်းဆောင်ရည်ပိုင်းမှာပိုမြန်လာတဲ့ Firefox for iOS 5.0 ♫


Mozilla ဟာ  iOS အတွက် Firefox ဘရောက်ဆာဗားရှင်းအသစ်ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Firefox 5.0 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပိုမြန်လာသလို၊ ဘက်ထရီသုံးစွဲမှုက ပိုနည်းသွားပြီး၊ ပိတ်ပြီးသား tabs တွေကိုပြန်ဖွင့်နိုင်တဲ့ option အပါအဝင် လုပ်ဆောင်ချက်အသစ်တွေ အများအပြားပါဝင်လာပါတယ်။

iOS အတွက် Firefox ကိုရေးဆွဲသူ လက်ထောက်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Tyler Lacroix ရဲ့ စမ်းသပ်သုံးစွဲချက်အရ၊ CPU အသုံးပြုမှုမှာ ၄၀ ရာခိုင်နှုန်းလျော့ကျသွားပြီး၊ မမ်မိုရီအသုံးပြုမှုမှာလည်း ၃၀ ရာခိုင်နှုန်းလျော့ကျသွားတာကို တွေ့ရှိခဲ့ရပါတယ်။ (အသုံးပြုသူတစ်ယောက်နဲ့တစ်ယောက် ရလဒ်ကွာခြားနိုင်)
Firefox 5.0 မှာ ရှာဖွေရေးအင်ဂျင်တွေကိုလည်း ကိုယ့်စိတ်ကြိုက်ထပ်ထည့်ထားလို့ရပြီး၊ search box ပါတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုသွားကာ၊ မှန်ဘီလူးပုံကို နှိပ်လိုက်ရုံနဲ့ search engine အဖြစ် ထည့်ထားနိုင်ပါတယ်။
firefox_ios_search_engine
နောက်တစ်ခုအသစ်အနေနဲ့ toolbar မှာ menu အသစ်တစ်ခုပါဝင်လာပြီး၊ အဆိုပါ menu ကနေ အသုံးအများဆုံး feature တွေကို အလွယ်တကူတန်းသုံးနိုင်မှာဖြစ်ပါတယ်။
firefox_ios_menu
ဒီ့အပြင် Firefox ဗားရှင်းအသစ်မှာ သင်ကြည့်နေကြဆိုက်တစ်ခုကို Homepage အနေနဲ့ ထားထားနိုင်တဲ့ Home ခလုတ် လုပ်ဆောင်ချက်လည်း ပါဝင်လာတာတွေ့ရပါတယ်။ Menu အသစ်ထဲက ဟုမ်းခလုတ်ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ အဆိုပါဆိုက်ကို ချက်ချင်းဖွင့်ပေးမှာပါ။
အသစ်ပါလာတဲ့လုပ်ဆောင်ချက်တွေထဲမှာ အသုံးဝင်ဆုံးတစ်ခုကတော့ ပိတ်ပြီးသား tabs တွေအားလုံးကို ပြန်ဖွင့်နိုင်တဲ့လုပ်ဆောင်ချက်ဖြစ်ပြီး၊ Undo ခလုတ်ကိုနှိပ်လိုက်ရုံနဲ့ tabs တွေ ပြန်ဖွင့်နိုင်မှာပါ။
firefox_ios_closed_tabs
Firefox 5.0 for iOS ကို Apple ရဲ့ App Store ကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ကာ၊ iOS 8.2 နှင့်အထက် iPhone ၊ iPad နဲ့ iPod touch စက်တိုင်းမှာ အသုံးပြုနိုင်ပါတယ်။
Mozilla ကုမ္ပဏီဟာ ၎င်းတို့ရဲ့ Firefox ဘရောက်ဆာကို လူဘယ်နှစ်ဦးအသုံးပြုနေပြီလဲဆိုတာ တိတိကျကျထုတ်ဖော်ပြောကြားထားခြင်း မရှိပေမယ့်၊ တစ်ကမ္ဘာလုံးက လူ ဘီလီယံဝက် (သန်း ၅၀၀) လောက်ကတော့ အသုံးပြုနေပြီဖြစ်ကြောင်း ကြေငြာထားပါတယ်။
Firefox ဟာ iOS မှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ပထမဆုံး Preview အနေနဲ့ စတင်ထွက်ရှိခဲ့ပြီး၊ နိုဝင်ဘာမှာ Stable အနေနဲ့ စတင်ထွက်ရှိခဲ့ကာ၊ အခုဆို Firefox 5.0 အထိရောက်ရှိသွားပြီဖြစ်ပါတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment