♪ Galaxy Note 7 တွင် 3,500mAh ဘက်ထရီ ပါဝင်မည်ဟုဆို ♫


ယခုမတိုင်မီက အသစ်ထွက်မည့် Samsung Galaxy Note 7 တွင် 3,600mAh သို့မဟုတ် 4,000mAh ဘက်ထရီပါဝင်မည်ဟု ကောလာဟလသတင်းများက ခန့်မှန်းဖော်ပြခဲ့ကြသည်။

သို့သော်လည်း အသစ်ထွက်ပေါ်လာသည့် သတင်းပေါက်ကြားမှုအရ အဆိုပါဖုန်းတွင် 3,500mAh ဘက်ထရီပါဝင်ဖွယ်ရှိကြောင်း သိရသည်။ အဆိုပါ သတင်းပေါက်ကြားမှုမှာ South Korea Telecom ၏ Note 7 အချက်အလက်စာမျက်နှာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၎င်းစာမျက်နှာတွင် Note 7 ၏ အလေးချိန်မှာ ၁၆၉ ဂရမ်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အတွက်ကြောင့် Note 7 သည် အလေးချိန် ၁၇၁ ဂရမ်ရှိသော Note 5 ထက် ပေါ့ပါးမည်ဖြစ်သည်။


Credit to ==> Internet Journal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment