Xiaomi ရဲ့ပထမဆုံး Dual Camera စမတ်ဖုန်းကြေငြာ




Xiaomi ရဲ့ပထမဆုံး Dual Camera စမတ်ဖုန်းကြေငြာပြီ
ယနေ့ခေတ်စမတ်ဖုန်းတွေမှာ လူမှုကွန်ယက်တွေပေါ်မှာဓာတ်ပုံတင်တာပဲဖြစ်ဖြစ် ကိုယ်တိုင်ဝါသနာအရပဲရိုက်ရိုက် ဓာတ်ပုံ အရည်အသွေး ကောင်းတဲ့ကင်မရာတွေလိုအပ်လာပြီဖြစ်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ Xiaomi ကလည်း Dual Camera နဲ့ထုတ်လုပ်တဲ့စမတ်ဖုန်းတစ်လုံးကို ဇူလိုင်လ ၂၇ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့ပါပြီ။ Redmi Pro လို့အမည်ပေးထားတဲ့အဆိုပါစမတ်ဖုန်းသည် မျက်နှာပြင်အကျယ် ၅.၅ လက်မ ရှိပြီး Full HD 1080×1920 (401 ppi) မျက်နှာပြင်အရည်အသွေး ရှိသည်။ 




ထို့ပြင် မျက်နှာပြင်အရည်အသွေးကိုမြှင့်တင်ပေးပြီး စွမ်းအင်သုံးစွဲမှုနည်းပါးသော OLED Display ကိုသုံးစွဲထားသည်။ 2.5D မျက်နှာပြင် ခုံးသဏ္ဌာန်ကြောင့် စမတ်ဖုန်းကိုထောင့်ပေါင်းစုံမှကြည့်ရူ့ရအဆင်ပြေစေသည်။ CPU နှင့် RAM ဗားရှင်းသုံးမျိုးထုတ်လုပ်ထားပြီး Standard Edition, High Version Edition, Exclusive Edition တို့ဖြစ်ကြသည်။ Standard Version တွင် MediaTek Helio X20 Deca-Core 2.1GHz ပရိုဆက်ဆာ RAM 3 GB နှင့် 32GB Memory ပါရှိသည်။ High Version Edition တွင် Helio X25 Deca-core 2.3GHz ပရိုဆက်ဆာ RAM 3GB နှင့် Memory 64 GB ဖြစ်ပြီး အမြင့်ဆုံးဖြစ်သော Exclusive Edition တွင် Helio X25 Deca-core 2.5GHz ,4GB RAM နှင့် Memory 128 GB တို့ဖြင့်ပါဝင်ဖွဲ့စည်းထားသည်။Helio X20 နှင့် X25 တို့သည် Core 10 လုံးဖြင့်မောင်းနှင်သောChipset များဖြစ်ကြသည်။ 




Redmi Pro ရဲ့အဓိကကျသောအပိုင်းဖြစ်တဲ့ ကင်မရာ အပိုင်းမှာ၎င်းတို့ရဲ့ကင်မရာစနစ်ကို လူမျက်လုံးတွေနဲ့အလားသဏ္ဌာန်တူအောင်ဖန်တီးထားတဲ့ Dual Camera စနစ်ဖြစ်သည်။ Sony IMX 258 Sensor 13 MP ကင်မရာ နှင့် 5MP Samsung ကင်မရာ တို့ကို ပေါင်းစပ်တပ်ဆင်ထားသည်။ ကင်မရာ တစ်လုံးဖြင့် မိမိလိုချင်သော Focus ကိုရယူပြီး နောက်ကင်မရာတစ်လုံး ဖြင့်ရုပ်သေ Capture Depth ဝါးသွားစေသောစနစ်မျိုးပါဝင်သည်။ ထိုစနစ်ကို DSLR professional ကင်မရာများတွင်ပါဝင်သောစနစ်ဖြစ်ပြီး အခြားစမတ်ဖုန်းများဖြင့်လည်းရိုက်ကူးနိုင်သော်လည်း Redmi Pro တွင်မှု Specialist အနေဖြင့်အသုံးပြုနိုင်အောင်ဖန်တီးထားသည်။




 မျက်နှာပြင်ကင်မရာ 5MP ပါဝင်သည်။ ကိုယ်ထည်ပိုင်းကိုလည်း Fully Metal ဖြင့်တည်ဆောက်ထားသည်။ Fingerprint Scanner ကိုစမတ်ဖုန်းမျက်နှာပြင် Home Key တွင်တပ်ဆင်ထားပြီး Ceramic button ကြွေထည်ဖန်သားခလုပ်ကိုသုံးစွဲထားတာကြောင့်လျင်မြန်ပြီးတိကျသောလုံခြုံမှုပေးစွမ်းနိုင်သော လက်ဗွေ ဖတ်စနစ်ကိုရရှိစေသည်။ 4050 mAh Battery နှင့် USB C type Data နှင့် အားသွင်းစနစ်ကိုအသုံးပြုထားသည်။





Dual Sim အမျိုးအစားဖြစ်ကာ Sim 2 တွင် MicroSD CardSlot ပါဝင်ပြီး 128 GB ထိ Memory ထပ်တိုးအသုံးပြုနိုင်သေးသည်။ Silver ,Gold ,Gray အရောင်သုံးမျိုးဖြင့်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနူန်းများမှာ Standard Edition 1499 Yuan ($225) High Edition 1699 Yuan ($255) နှင့် Exclusive Edition 1999 Yuan ($300) တို့ဖြစ်သည်။ Android 6.0 Marshmallow အခြေပြု MIUI 8.0 ဖြင့်စတင်လည်ပတ်ထားမည်ဖြစ်ပြီး ဩဂတ်လ ၆ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။












0 comments:

Post a Comment