Windows 10 ကို Upgrade ပြုလုပ်နည်း



လာမယ့် ဇူလိုင် ၂၉ ရက်နေ့မှာ Microsoft က နောက်ဆုံးထုတ်လုပ်ထားတဲ့ Windows 10 ကို အခမဲ့ Upgrade ပြုလုပ်ခွင့်ဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Windows 10 ကို ဇူလိုင် ၂၉ နောက်ပိုင်းမှာ မှ Upgrade ပြုလုပ်မယ်ဆိုရင် ကန်ဒေါ်လာ ၁၁၉ ခန့် ပေးသွင်းမှသာ Windows 10 Upgrade ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Windows 7 ဒါမှမဟုတ် Windows 8.1 သုံးစွဲနေသူများအနေနဲ့ Windows 10 ကို အခမဲ့ Upgrade ပြုလုပ်မယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Windows 10 ကို Upgrade ပြုလုပ်ဖို့ကတော့ အနည်းဆုံး 1GHz Speed ရှိတဲ့ Processor နဲ့ 32 bit Version အတွက် Ram 1 GB, 64bit version အတွက်ကတော့ 2GB အနိမ့်ဆုံး လိုအပ်မှာဖြစ်ပါတယ်။ Hard Drive Free Space အနည်းဆုံး 20 GB ရှိရမှာဖြစ်ပါတယ်။

Windows 10 ကို Upgrade ပြုလုပ်ဖို့အတွက် အင်တာနက် ချိတ်ဆက်ထားဖို့လိုအပ်မှာဖြစ်ကာ ဒီ Microsoft Page မှာ Upgrade Now ဆိုတဲ့ Button ကို နှိပ်ပြီး Windows 10 အတွက် Upgrade ဖိုင်လေးကို Download လုပ်ယူရမှာဖြစ်ပါတယ်။

ပြီးသွားရင် အဆိုပါ ဖိုင်ကို Run ပေးပြီး သတ်မှတ်ထားတဲ့ ညွှန်ကြားချက်များအတိုင်း Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Upgrade Client file မှ Windows 10 နဲ့ ပတ်သက်တဲ့ ဖိုင်တွေကို download ပြုလုပ်ပြီးပြီဆိုရင် ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားပြီး Windows 10 ကို Upgrade ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။


Window 8/8.1, Window 7 တို့မှ Upgrade ပြုလုပ်မည်ဆိုလျှင်
အောက်ပါအတိုင်းUpgrade ပြုလုပ်နိုင်ပါတယ်...


Upgrade Windows 8/8.1 to Windows 10
*****************

Keyboard မှ Windows Key+X  နှင့် Control Panel ကို ခေါ်ပါ..
Control Panel Windows 8
 Windows Update ကို နှိပ်ပါ..
Windows Update
Get started  button ကိုနှိပ်ပါ...
Windows 10 Ready
Accept ကိုနှိပ်ပါ...
eula
installing_windows_10


Upgrade Windows 7 to Windows 10
****************************
Windows Key+X  နှင့် Control Panel ခေါ်ကာ  Windows Update မှတဆင့် Upgrade လုပ်ပါ..။
Task Message
Get Started
sshot-2
sshot-5
sshot-6
installing_windows_10

အဆင်ပြေပါစေ
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်

0 comments:

Post a Comment