♪ မြန်မာငွေ ၂၁၉,၀၀၀ ကျပ်ဖြင့် ပြည်တွင်းမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Huawei GR5 Mini ♫


Huawei ကုမ္ပဏီဟာ G စီးရီးရဲ့ နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ GR5 Mini စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက် အတွင်းမှာ စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

လျင်မြန်တဲ့လက်ဗွေရာလုပ်ဆောင်ချက်ကြောင့် လူကြိုက်များခဲ့တဲ့ Huawei GR5 ဖုန်းနေရာဆက်ခံမယ့် မော်ဒယ်သစ်စမတ်ဖုန်း ဖြစ်ပြီး၊ ဈေးနှုန်းလည်းသင့်ပါတယ်။ ဒီ့အပြင် ဂျူလိုင်လ (၂) ရက်ကနေ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း Huawei GR5 Mini စမတ်ဖုန်း ဝယ်ရင် Telenor အင်တာနက်အခမဲ့အသုံးပြုခွင့် 500MB ကို လစဉ် (၃) လတိတိ ရရှိမှာဖြစ်ပါတယ်။

GR5 Mini ဖုန်းဟာ မျက်နှာပြင် ၅.၂ လက်မဖြစ်သွားတာလွဲလို့၊ ကျန်တဲ့ဒီဇိုင်းပိုင်းတွေမှာ GR5 ဖုန်းနဲ့ တူတူပဲဖြစ်ပြီး၊ ပိုမိုကောင်းမွန်လာတဲ့ ဒုတိယမျိုးဆက်လက်ဗွေရာစနစ် ပါဝင်လာပါတယ်။

Huawei ရဲ့ပြောကြားချက်အရ GR5 Mini ဖုန်းရဲ့ လက်ဗွေရာဆန်ဆာကို ၃၆၀ ဒီဂရီဘက်ပေါင်းစုံကနေအသုံးပြုနိုင်သလို၊ ရေစိုနေတဲ့အချိန်တွေမှာတောင် သုံးနိုင်တယ်လို့သိရပါတယ်။ လက်ဗွေရာ unlock မြန်နှုန်းကလည်း ၀.၅ စက္ကန့်သာရှိပြီး၊ GR5 ဖုန်းတုန်းကလိုပဲ လက်ဗွေရာဆန်ဆာနဲ့ ဖုန်းကိုင်တာ၊ alarm ပိတ်တာနဲ့ ဓာတ်ပုံရိုက်တာစတဲ့ လုပ်ဆောင်ချက်အများအပြား လုပ်နိုင်ပါတယ်။

GR5 Mini ဖုန်းမှာ မျက်နှာပြင်အကျယ်က ၅.၂ လက်မဖြစ်ပြီး၊ full-HD (1920×1080 pixel) မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ CPU ကတော့ Huawei ရဲ့ Kirin650 ချစ်ပ်ကို အသုံးပြုထားပြီး၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB တို့ ပါရှိပါတယ်။ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ microSD ကတ်လည်း 128GB အထိ ထပ်စိုက်နိုင်ပါတယ်။ ဒါပေမယ့် SIM နှစ်ကတ်ထိုးထားချိန်မှာတော့ microSD ကတ် ထပ်စိုက်နိုင်မှာမဟုတ်ပါဘူး။
 ကင်မရာပိုင်းမှာတော့ ကျောကင်မရာက 13-megapixel ဖြစ်ပြီး၊ ရှေ့ကင်မရာက 8-megapixel ဖြစ်ပါ တယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android M စနစ်အခြေခံ EMUI 4.1 နဲ့ဖြစ်ကာ၊ ဘက်ထရီက 3000mAh ဘက်ထရီဖြစ်ပါတယ်။

GR5 Mini ဖုန်းရဲ့ နောက်အားသာချက်တစ်ခုကတော့ Assertive Display နည်းပညာအသုံးပြု ထားတာကြောင့်၊ display ရဲ့ ပါဝါသုံးစွဲမှုကို သိသိသာသာလျော့ချပေးထားနိုင်သလို၊ တောက်ပ တဲ့နေအလင်းရောင်တိုက်ရိုက်ကျနေရင်တောင် display ကို ကောင်းကောင်းမြင်နေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးအသင့်အတင့်နဲ့ လုပ်ဆောင်ချက်ကောင်းကောင်းဖုန်းတစ်လုံးလိုချင်သူတွေ အကြိုက်တွေ့မယ့် ဖုန်းတစ်လုံးဖြစ်ပြီး၊ ကိုယ်ထည်ကိုလည်း သတ္တုနဲ့ ပြုလုပ်ထားတာကြောင့် တကယ့်တန်ဖိုးကြီး တစ်လုံးကိုင်ထားရသလို ခံစားမှုမျိုးပေးစွမ်းနိုင်မှာပါ။

Huawei GR5 Mini ဖုန်းကို မြန်မာငွေ ၂၁၉,၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံဈေးကွက်တွင်းမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး၊ အရောင်ကတော့ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး နှစ်မျိုးပဲရရှိမှာဖြစ်ပါတယ်။

huawei

Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment