♪ “Samsung Galaxy J7 (2016)” ♫


Samsung ဟာ ပြည်တွင်းဈေးကွက်အတွက် ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက်ရောင်းချတော့ မှာ ဖြစ်ပါတယ်။ ထိုထုတ်ကုန်မှာ A9 မိသားစုဝင်ဖြစ်ပါ တယ်။ Samsung တွင် A Series များအပြင် J Series များလည်းရှိပါတယ်။ J Series ထဲမှာမှ ၂၀၁၅ နှင့် ၂၀၁၆ ဆိုပြီးအမျိုးအစားကွဲပြားစွာ ထုတ်လုပ် ရောင်းချထားပါသေးတယ်။

ရိုးရိုး J7 ကတော့ ၂၀၁၅ ခုနှစ် ဇွန်လကထွက်ရှိ ထားတာဖြစ်ပြီး J7 (2016) မှာ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှ ထွက်ရှိလာတာဖြစ်ပါ တယ်။ မော်ဒယ်နံပါတ်ကွဲများစွာရှိပါတယ်။ J 710H ဟာSouth Africa, Pakistan, Vietnam တို့အတွက် ဖြစ်ပါတယ်။ ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ်သုံးဆိုပြီးကွဲပြားခြားနားမှု ရှိပါသေးတယ်။

2G, 3G, 4G Network အထောက်အပံ့ပေးစွမ်းမယ့် ဟန်းဆက်ဖြစ်ပါတယ်။ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 151.7 × 76 × 7.8 mm ဖြစ်ကာအလေးချိန်မှာ 170 g ရှိပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားမှာ Micro SIM ပါ။

ဖုန်းမျက်နှာပြင်အတွက် အသုံးပြုပေးထားသော Touch Screen အမျိုးအစား ကတော့ Super AMOLED Capacitive Touch Screen ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 720 × 1280 ဖြစ်ပါ တယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 267 ppi ပါ။ ပါရှိသောကင်မရာများမှာစွမ်းရည်ကောင်းမွန်ပါတယ်။

အဓိကကင်မရာသည် 13 MP, f/1.9 စွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 5 MP, f/1.9 စွမ်းရည်ဖြစ်ပါတယ်။ အရှေ့ဘက်တွင်လည်း LED Flash စနစ် အသုံးပြုနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ပြီး နှုန်းမှာတစ်စက္ကန့်ကို 30 frames ပါ။ Geo-tagging, touch focus, face detection, panorama စသောကင်မရာဆက်စပ်ပတ်သက်စနစ်များလည်းပါရှိ ပါသေးတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို2GB ထည့်သွင်းပေးထား ပြီး Internal Storage တွင် 16GBပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။

အချို့သောအာရှနဲ့ တရုတ်နိုင်ငံအတွက် ထုတ်လုပ်သောမော်ဒယ်များတွင် တော့ RAMပမာဏမှာ3GB ပါရှိပါမယ်။ အချက်အလက် အများအပြား သိမ်းဆည်း နိုင်ဖို့အတွက်လည်းCard Slot စနစ် ထည့်သွင်းပေးထားပါသေး တယ်။ အသုံးပြုနိုင်မယ့် OSအမျိုးအစားကတော့ နောက်ဆုံးပေါ် Marshmallow ဖြစ်ပါတယ်။ J7 (2016) ရဲ့ ဘက်ထရီဟာ ရိုးရိုးJ7 ထက် ပိုမို အားကောင်းပါတယ်။

 အားသွင်းအသုံးပြုရမယ့် ဘက်ထရီရဲ့ စွမ်းရည်မှာLi-Ion 3300 mAhဖြစ်ပါတယ်။ အဆိုပါ ဘက်ထရီသည် 3G Network တွင် စကား ပြောဆိုဖို့ ၂၃ နာရီနီးပါးနှင့် သီချင်းနားထောင်ရန် နာရီ ၉၀ ကျော်နီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါမယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Octa Core 1.6 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16 GB
OS - Android OS, v6.0.1
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment