♪ “Lenovo Vibe K5 Plus” ♫


ဈေးနှုန်းသင့်တော်ပြီးစွမ်းဆောင်ရည်မြင့်သော Lenovo Vibe K5 Plus စမတ်ဖုန်းဟာဆိုရင်ဖြင့် ကျစ်လျစ်မာကျောပြီးဖုန်းရဲ့အရွယ်အစား ပမာဏ ကတော့ 142×71×8 mm နှင့် မျက်နှာပြင်အကျယ် ၅.၀ လက်မ၊ အလေးချိန် အားဖြင့် 140 grams သာရှိ၍ ပေါ့ပါးခိုင်ခံ့သောဒီဇိုင်းဖြင့် တည်ဆောက် ထားတယ်လို့ သိရပါတယ်။

K5 Plus စမတ်ဖုန်းဟာအမြင်အာရုံကို1080 × 1920 ဖြင့် ထောက်ပံ့ပေးထားပြီးတစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ သည် 441 PPI ဖြစ်သည့်အပြင် Multitouchစနစ်တွင်လည်း လက်ချောင်းပေါ်ကထိတွေ့မှုများအတွက် တိကျသောရွေ့လျားမှုကိုပေးစွမ်းပါ တယ်။ Lenovo Vibe K5 Plus စမတ်ဖုန်းတွင် အဓိကကင်မရာမှာ13 MP စွမ်းရည်ရှိ၍ အရှေ့ကင်မရာတွင် 5MP တို့ပါဝင်ပြီးDual-LED (dual tone) Flash လည်းပါရှိတယ်လို့ သိရပါတယ်။

မှတ်ဥာဏ်အပိုင်းတွင် 2 GB RAM ၏ ပေါင်းစပ်ထားမှုနဲ့အတူ၊ Internal Storage.16GB ပါဝင်ပါတယ်။ SIM Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သောDual SIM စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး SIM Slot နှစ်ခုလုံးတွင် GSM / WCDMA မည်သည့်ဆင်းကတ်ကိုမဆို ထည့်သွင်း အသုံးပြုနိုင်ပြီး4Gကွန်ရက်စနစ် အပြည့်အ၀ရရှိ စေနိုင်တယ်လို့ သိရပါတယ်။

Dolby Atom နည်းပညာဖြင့် စကားပြောသံများ၊ သီချင်းသံများ နှင့် သဘာဝအသံများကို တိကျရှင်းလင်းထင်သာစွာနားဆင်နိုင်ပြီး မည်သည့် အသံဖိုင်မျိုးကိုမဆို ပြည့်ဝသော စွမ်းရည်များဖြင့် ခံစားနိုင်မည့်အပြင် OS အပိုင်းတွင်လည်း5.1 Android Version အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Li-Ion 2600mAh အသုံးပြုထားပြီးအာမခံ (၁) နှစ် ပါဝင်သော Lenovo Vibe K5 Plus သည် Grey & Gold အရောင်နှစ်မျိုးရှိပါတယ်။

Lenovo Vibe K5 Plus စမတ်ဖုန်း ၀ယ်ယူသူတိုင်းကို အထူး လက်ဆောင် အနေဖြင့် Lenovo VR ကိုပေးသွားမည်ဟုသိရပါတယ်။ Lenovo VR အသုံးပြုခြင်း၏ ရလဒ်တစ်ခုကတော့ စမတ်ဖုန်းကို ရုပ်ရှင်ရုံကဲ့သို့ ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.5 & QC 1.2 GHz
Screen - 5 inches
Camera - 13 MP
Storage - 16GB
OS - Android OS, v 5.1
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment