♪ Instagram ထဲကပုံတွေကို Android ဖုန်းတွေမှာ ဘယ်လို Save မလဲ ♫


Instagram မှာ ကိုယ့်ပုံလှလှလေးတွေကို Filter ကောင်းကောင်း၊ Effect ကောင်းကောင်းတွေနဲ့ စစ်ချပြီး အကောင်းဆုံးပုံလေးတွေကို ပြုလုပ်ပြီး တင်လေ့ရှိကြတာ ဒီခေတ်လူငယ်တွေအတွက်ကတော့ အဆန်းတကြယ်မဟုတ်တော့ပါဘူး။ အဲ တစ်ခုရှိတာက Instagram ထဲမှာ ပြုပြင်ပြီး အကောင်းဆုံးဖြစ်နေတဲ့ ပုံတွေကို ကိုယ့်ရဲ့ ဖုန်းထဲမှာ ထည့်သွင်းသိမ်းဆည်းထားမယ်ဆိုရင်တော့ အခက်အခဲတွေ့ရပါပြီ။

ဘာလို့လဲဆိုတော့ Facebook ရဲ့ Instagram ဟာ သင်တို့ကို မူပိုင်ခွင့်ဆိုတဲ့ စည်းမျဉ်းကြောင့် တိုက်ရိုက် Save လုပ်ခွင့်ကို ပိတ်ပင်ထားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သင့် Instagram ထဲက ပုံတွေကိုရော သူများတင်ထားတဲ့ ပုံလှလှလေးတွေကိုပါ သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ သင့်အတွက်အခက်အခဲ တချို့ရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ သင်တို့ရဲ့ Android ဖုန်းတွေမှာ Instagram ထဲကပုံတွေ သိမ်းဆည်းနိုင်ဖို့အတွက် နည်းလမ်းကို တင်ဆက်ပေးလိုက်ပါတယ်။
အရင်ဆုံးသင့်အနေနဲ့ PlayStore ကနေ InstaSave ဆိုတဲ့ App ကိုဒေါင်းလုဒ်ဆွဲပြီး ရယူရမှာပါ။ လွယ်ကူပါတယ်။ ဆိုက်က 2 MB ကျော်လောက်ပဲရှိပါတယ်။

ht-save-instagram1

App ကို စက်ထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ ဖွင့်လိုက်ပါ။ Interface ကဒီအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Icon လေးအောက်က ခလုတ်လေးကို ညာဘက်ကို ဆွဲလိုက်ပါ။

ht-save-instagram2

ပြီးရင်တော့ Open Instagram ဆိုတဲ့ အပေါ်ကို ကလစ်လုပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်အနေနဲ့ Instagram App ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ အထဲက ကိုယ်သိမ်းဆည်းချင်တဲ့ ပုံရှိတဲ့နေရာကို သွားလိုက်ပါ။ကျွန်တော်ကတော့ Real Madrid Page ထဲကိုသွားလိုက်ပါတယ်။ ပြီးရင်တော့ ကိုယ် Save လုပ်ချင်တဲ့ ပုံထဲကို ဝင်လိုက်ပါ။

ht-save-instagram3   ht-save-instagram4

ရောက်သွားရင် ညာဘက်အပေါ်နားလေးက အစက်သုံးစက် Menu လေးကို နှိပ်လိုက်ပါ။ Menu ကျလာရင် Copy Share URL ဆိုတာလေးကို နှိပ်လိုက်ပါ။

ht-save-instagram5

ဒါဆိုရင်သင့်အနေနဲ့ သင့်ရဲ့စက်ကဒေါင်းလုဒ်ဆွဲနေတာကို တွေ့ရမှာဖြစ်ပြီး ပြီးသွားရင်တော့ သင့်ရဲ့ Gallary ထဲက InstaSave ဆိုတဲ့ Folder ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

ht-save-instagram6

ကဲ ဒီလောက်ဆိုရင်တော့ လွယ်ကူတဲ့နည်းလမ်းနဲ့ Instagram ပေါ်က ကိုယ့် Wall ထဲမှာ ရှိနေတဲ့ ပုံတွေကိုရော၊ တခြားပုံတွေကိုပါ Save လုပ်လို့ ရနိုင်ပြီဖြစ်ပါတယ်။ ဘာမှမခက်ခဲပဲ သင့်အနေနဲ့ အလွယ်တကူနဲ့ပဲ အဆင့်တွေအတိုင်းပြုလုပ်သွားနိုင်ပါတယ်။ PC နဲ့ iPhone/iPad တွေကနေ Save လုပ်တဲ့နည်းကတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။ တကယ်လို့ အဆင်ပြေသွားပြီဆိုရင်တော့ ထပ်မံတင်ဆက်ပေးပါမယ်။ သင့်အတွက် ဒီ Article ကအကျိုးပြုတယ်ဆိုရင် သူငယ်ချင်းတွေသိအောင် Share လုပ်သွားဖို့ မမေ့နဲ့ဦးနော်..။

Credit to ==> Digital Times

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment