♪ “Facebook က Live Video ထုတ်လွှင့်ချိန်ကို ၂ ဆ တိုးမြှင့်ပေး” ♫


Facebook က Live Video ထုတ်လွှင့်ခြင်းကိုပိုမိုကောင်းမွန်အောင် ပြုလုပ် ပေးနေပါတယ်။ ယခုအခါ Live Video ထုတ်လွှင့်ခြင်းကိုစကရင် အပြည့် ကြည့်နိုင်ပြီဖြစ်သလို Comments , Reactions များကိုဖျောက်ပေးတဲ့ Video Only Mode လည်းပါလာပါပြီ။

ယခင်က Live Video ထုတ်လွှင့်ချိန်ကိုတစ်ကြိမ် လျှင် ၂ နာရီသာခွင့်ပြုထားရာကနေယခုအခါတစ်ကြိမ် လျှင် ၄ နာရီအထိ ခွင့်ပြုပေးလိုက်ပါပြီ။ ယခုစွမ်းဆောင်ချက်များကိုကမ္ဘာအနှံ့သို့ တစ်ဖြည်းဖြည်း ချင်း ဖြန့်ချိပေးနေပါတယ်။ အဲဒီအတွက် ရက်သတ္တပတ် အနည်းငယ်ကြာမြင့်မှ အသုံးပြုကောင်းပြုနိုင်မှာ ဖြစ်ပါတယ်။

စကရင် အပြည့် ထုတ်လွှင့်၊ ကြည့်ရှုနိုင် ခြင်းဟာထုတ်လွှင့်သူအတွက်သာမက ကြည့်ရှုသူများ အတွက်လည်း ကောင်းမွန်ပါတယ်။ Comment Box ဖွက်ထားပေးတဲ့အတွက် အမြင် ရှင်းလင်းစေပါတယ်။ iOS မှာ Landscape ရော ၊ Portrait Mode မှာပါ Full Screen ပြသပေးမှာ ဖြစ်ပါတယ်။ Android မှာတော့ လက်ရှိမှာ Portrait Mode ကိုသာ Full Screen ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။

ယခုနှစ်နှောင်းပိုင်းမှာ Android မှာရော Landscape Mode မှာပါ Full Screen ပြသပေးမယ်လို့ Facebook က ပြောပါတယ်။ Video Only Mode ကို On or Off လုပ်ချင်လျှင် စကရင်ကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲရမှာဖြစ်ပါတယ်။ Facebook က Live Video များကိုလူကြည့်များအောင် ပြုလုပ်ပေးနေပါတယ်။

Publisher များ၊ Celebrity များကို ၂၀၁၇ ခုနှစ်အထိ Live Video များထုတ်လွှင့် ပေးဖို့ ဒေါ်လာသန်း ၅၀ ဖြင့် စာချုပ်များ ချုပ်ဆိုထားတယ်လို့ The Wall Street Journal က ရေးသားထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment