Apple ဟာ လတ်တလောကာလကလေးမှာတင် သူတို့ရဲ့iPhone ရောင်းချမှုအလုံးရေ
၁ဘီလျံပြည့်သွားတဲ့ iPhone ကိုရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီရဲ့
ထုတ်ပြန်ချက်အရ သိရပါတယ်။ Apple ရဲ့ CEO ဖြစ်သူ Tim Cook က ကုမ္ပဏီရဲ့
အဓိကမှတ်တိုင် တစ်ရပ်အနေနဲ့ ပြည့်မြောက်ခဲ့တဲ့ အတွက် အောင်ပွဲခံတဲ့
အခမ်းအနားကို ကူပါတီနိုရုံးချုပ်မှာ ပြုလုပ်ခဲ့တာပါ။
“iPhone ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့ အအောင်မြင်ဆုံး ထုတ်ကုန်တွေထဲကတစ်ခု၊ အရေးအပါဆုံးတွေထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ” လို့ Cook ကဆိုပါတယ်။ “ဒါဟာ ကျွန်တော်တို့ရဲ့ အဖော်မွန်တစ်ဦးအနေနဲ့ သာမက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်း၊ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်လာခဲ့ပါပြီ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

တစ်ဘီလျံမြောက် iPhoneကို ပွဲမှာပြသနေတဲ့ Apple CEO ဖြစ်သူ Tim Cook
Credit to ==> Digital Times“iPhone ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့ အအောင်မြင်ဆုံး ထုတ်ကုန်တွေထဲကတစ်ခု၊ အရေးအပါဆုံးတွေထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ” လို့ Cook ကဆိုပါတယ်။ “ဒါဟာ ကျွန်တော်တို့ရဲ့ အဖော်မွန်တစ်ဦးအနေနဲ့ သာမက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်း၊ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်လာခဲ့ပါပြီ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
iPhone ကို ၂၀၀၇ ခုနှစ်စတင်ထွက်ပေါ်လာတဲ့အချိန်ကနေ ယနေ့အထိ
ရောင်းချရတဲ့အလုံးရေ တစ်ဘီလျံပြည့်မြောက်ခဲ့တာပါ။ ဒီလို
သန်းတစ်ထောင်ပြည့်တဲ့ ဖုန်းကိုဝယ်ယူမှုဟာ ပြီးခဲ့တဲ့ အပတ်က
ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး Apple ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့
ဒီလိုမှတ်တိုင်တစ်ရပ်ကို ပြည့်မြောက်အောင်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်က
ဘယ်သူဆိုတာနဲ့ ဘယ်လိုချီးမြှင့်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာတော့
ထုတ်ဖော်ဖို့ငြင်းဆန်ခဲ့ပါတယ်။
iPhone ရဲ့ရောင်းချရမှုဟာ တစ်ဘီလျံပြည့်မြောက်ခဲ့ပေမယ့် Apple ဟာ
ရောင်းအားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး iPhone တွေရော iPad နဲ့ Mac
တွေမှာပါ တတိယမြောက် သုံးလပတ်ဝင်ငွေတွေကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။
www.pyaephyo.com
0 comments:
Post a Comment