Max
Schremsဆိုသောသြစတြီးယားလူမျိုး၊ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ
တက်ကြွလှုပ်ရှားသူတစ်ဦးကFacebook ၏ဆာဗာစက်ကြီးများတွင်သိမ်းဆည်း
ထားသော၎င်း၏Personal Data များကို မြင်တွေ့ခွင့်ရလိုကြောင်းတောင်းဆိုခဲ့
ဖူးသည်။ထိုအခါFacebook က၎င်းထံသို့CD-ROM တစ်ချပ်စာဒေတာများကို
အီးမေးလ်နှင့်ပို့ပေးလိုက်သည်။ယင်းဒေတာများမှာစာမျက်နှာ၁,၂၂၂အထိ
များပြားပြီးပရင့်တာထုတ်ပြီးစာရွက်များကိုဆက်စပ်ကြည့်မည်ဆိုပါကစာရွက်တန်းကြီးမှာ၂ဖာလုံနီးပါးအထိပင်
ရှည်လျားသွားနိုင်ပါသည်။ယင်းအချက်အရ
Facebook အနေဖြင့်အရေအတွက်၁ .၆၅ဘီလီယံရှိသောUsers များ၏
ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များအပေါ်အသေးစိတ်အာရုံစိုက်
ထားသည်ကိုတွေ့မြင်နိုင်ပါလိမ့်မည်။Facebook မှသိမ်းဆည်းထားသော
မစ္စတာSchrems၏ကိုယ်ရေးကိုယ်တာအချက်အလက်များတွင်ဖုန်းနံပါတ်များ၊၎င်းနှင့်မိတ်ဆွေအပေါင်း
အသင်းများ၊မိသားစုဝင်များထံမှဖုန်းနံပါတ်များ၊
Facebook သို့Log in ၀င်ရောက်အသုံးပြုခဲ့ဖူးသည့်ပစ္စည်းများအားလုံး၏
ရာဇ၀င်၊၎င်းတက်ရောက်ရန်ဖိတ်ကြားခြင်းခံခဲ့ရသည့်ပွဲလမ်းသဘင်များ၊ ၎င်းနှင့်Friend
ဖြစ်ထားသူများစာရင်း၊De-Friend ဖြစ်ထားသူများ၏စာရင်းများ အပြင်
မက်ဆေ့များလည်းပါဝင်ကြောင်းသိရသည်။တစ်စုံတစ်ယောက်၏
မက်ဆေ့ဆိုသည်မှာလျှို့ဝှက်အပ်သောဒေတာအမျိုးအစားဖြစ်ပြီးFacebook
ကဲ့သို့လူမှုရေးဝက်ဆိုက်တစ်ခုအနေဖြင့်သိမ်းဆည်းမှတ်တမ်းတင်ထားခြင်းကမပြုလုပ်အပ်ကြောင်း
ဝေဖန်မှု များထွက်ပေါ်လာခဲ့လေသည်။
အဘယ်မျှလောက်စိုးရိမ်စရာကောင်းပါသနည်းဆိုလျှင်မစ္စတာSchremsပို့
လွှတ်လိုက်ပြီးနောက်ဖျက်ပစ်ထားသောမက်ဆေ့အဟောင်းများကိုပင် ပြန်လည်
ဖော်ထုတ်ကာသိမ်း ဆည်းထား ခဲ့သည်ကိုတွေ့ရသည်။သို့သော် SchremsကFacebook
သည်လူပေါင်းများစွာ၏ပုဂ္ဂိုလ်ရေးအချက်အလက်
များကိုသိမ်းဆည်းထားသော်လည်းမသက်ဆိုင်သူများဝင်ရောက်ကြည့်ရှုခြင်း
မရှိစေနိုင်ရန်လည်းတားဆီးထားသေးသည်။၎င်းအနေဖြင့်လွန်ခဲ့သော၃နှစ်တာကာလအတောအတွင်းလူမှုရေး
ဝက်ဆိုက်Facebook
ကိုကြိုကြားကြိုကြား
အသုံးပြုခဲ့ရာမှသဘောသဘာဝကိုပိုမိုသိရှိနားလည်လာခဲ့ခြင်းပင်။ပုဂ္ဂိုလ်ရေးအချက်အလက်များကိုမြင်တွေ့လိုေ
ကြာင်းတောင်းဆိုခဲ့ရာတွင်Facebook
ကအမျိုးအစားပေါင်း၅၀ခန့်ပါဝင်သည့်မှတ်တမ်းတစ်ခုကိုရရှိခဲ့ခြင်းဖြစ်သည်။သို့သော်တကယ်တမ်းတွင်
Facebook
ကဒေတာအမျိုးအစားပေါင်း၁၀၀ကျော်
အထိသိမ်းဆည်းထားလိမ့်မည်ဟုယုံကြောင်းဘီဘီစီသတင်းဌာနနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။
“Facebook
ဟာကျွန်တော့်ရဲ့မျက်နှာပြင်ကွဲလွဲမှု
အသိအမှတ်ပြုဒေတာတွေကိုလုံလုံခြုံခြုံသိမ်းဆည်းထားပါတယ်။တစ်နည်း
ပြောရရင်တော့ကျွန်တော်အစစ် အမှန် ဖြစ်တယ်ဆိုတာကိုပုံရိပ်ကိုကြည့်ပြီး
ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့နည်းပညာမျိုးကိုတောင်သူတို့သိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ဘယ်လိုသတင်းအချက်
အလက်တွေကိုခြေရာခံစစ်ဆေးသလဲဆိုတဲ့နည်းလမ်းကိုလည်းထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပါဘူး။Facebook
ရဲ့တိကျ သေချာ ချက်ကတော့ဗျာ ...။ခင်ဗျားဟာဝက်ဆိုက်စာမျက်နှာတစ်ခုမှာ
ပြိုင်ကား တစ်စီးအကြောင်းဝင်ရောက်ဖတ်ရှုတယ်ဆိုပါစို့။ခင်ဗျားအနေနဲ့ ဘယ်လောက်
အထိများများဖတ်ပြီးသွားပြီလဲဆိုတာကိုFacebook က
စုံစမ်းသိရှိပြီးသွားပါပြီ”ဟုမစ္စတာSchremsကဆိုခဲ့ခြင်းဖြစ်သည်။
Userများနှင့်ပတ်သက်ပြီးFacebook ကအဘယ်မျှလောက်အဖြစ်စွမ်းဆောင်
နိုင်ပါသနည်းဆိုပါမူအဖွဲ့ဝင်မဟုတ်သူများကိုပင်၎င်းတို့သုံးနေသော
မိုဘိုင်းပစ္စည်းများ၏Cookies
များကိုသုံး၍ခြေရာခံရှာဖွေနိုင်စွမ်းရှိနေခြင်းပင်။
ယင်းကိစ္စနှင့်ပတ်သက်၍လည်းFacebook သည်ဘယ်ဂျီယံနိုင်ငံတွင်ပုဂ္ဂိုလ်ရေး
လုံခြုံမှုချိုးဖောက်မှုဖြင့်ကာလရှည်တရားရင်ဆိုင်ခဲ့ရကာပြီးခဲ့သောဇွန်လ
နှောင်းပိုင်းမှသာတရားရုံး၌အနိုင်ရ သွားခဲ့သည့်မှတ်တမ်းလည်းရှိထားသည်။
ခြုံပြောရလျှင်မစ္စတာSchrems၏အတွေ့အကြုံများကပုဂ္ဂိုလ်ရေးအချက်
အလက်များကိုCloud ကဲ့သို့နေရာတစ်ခုခုတွင်သိမ်းဆည်းထားရသည့် ဒစ်ဂျစ်တယ်
ခေတ်တစ်ခေတ်၏စိန်ခေါ်မှုများ၊ခြိမ်းခြောက်မှုများကို စတင်
မီးမောင်းထိုးပြလိုက်ခြင်းဟုလည်းဆိုရမည်သာ။
<Cloud ၀န်ဆောင်မှုနယ်ပယ်မှကြီး၎ကြီး>
ကမ္ဘာပေါ်တွင်လက်ရှိအသုံးပြု၍ရနိုင်သောCloud ၀န်ဆောင်မှုပမာဏအားလုံး
၏ထက်ဝက်ကျော်ကိုကော်ပိုရေးရှင်းကြီး၎ခုကချုပ်ကိုင်ထားကြသည်။ယင်း
ကုမ္ပဏီ၎ခုတွင်Amazon က ဈေးကွက်ဝေစု၃ပုံတစ်ပုံပိုင်ဆိုင်ထားပြီး
အကြီးကျယ်ဆုံးCloud ၀န်ဆောင်မှုကုမ္ပဏီတစ်ခုဟုဆိုရပေမည်။တစ်ကမ္ဘာလုံး
အတိုင်းအတာဖြင့်ဒေတာစင်တာပေါင်း၃၅ခုကျော်တည်ဆောက်ထားသော Amazon
ကလာမည့်နှစ်များအတွင်းCloud ဈေးကွက်ကိုဆက်လက်လွှမ်းမိုး ဖွယ်ရာ
ရှိလေသည်။ကျန်ကုမ္ပဏီ၃ခုကတော့Microsoft ၊IBM နှင့်Google တို့
ပင်ဖြစ်သည်။ယင်းကုမ္ပဏီများကတော့Cloud နှင့်ပတ်သက်ပြီးကမ္ဘာ့ဈေးကွက်
တွင်တူညီသောစီးပွားရေးလမ်းကြောင်းများချမှတ်ထားခဲ့ပြီးလေပြီ။အဓိက Cloud
ဝန်ဆောင်မှုပေးသောအဓိကကုမ္ပဏီအချို့၏လုပ်ထုံးလုပ်နည်းကUser
များ၏လျှို့ဝှက်ချက်ကိုကျိုးပေါက်စေနိုင်ဖွယ်ရှိကြောင်းလည်း ဝေဖန်ခံထား
ရသည်။ယင်းကုမ္ပဏီများသည်ဖောက်သည်များ၏ဒေတာများကို၎င်းတို့၏
ကွန်ရက်များတစ်လျှောက်တွင်ထပ်မံကူးပွားလိုက်ခြင်းအားဖြင့်Cloud ပေါ်သို့
တင်၍သိမ်းဆည်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။အဆိုပါဒေတာများကိုသိုလှောင်
ထားသောဆာဗာများသည်ဗြိတိန်၊အမေရိကစသည့်နိုင်ငံများတွင်ရှိနေနိုင်
သည်။ထိုမှတစ်ဆင့်ဆစ်ဒနီ၊ရှန်ဟိုင်းကဲ့သို့ဥရောပပြင်ပကမ္ဘာ့မြို့ကြီးအချို့သို့လည်းလွှဲပြောင်းပို့ဆောင်နိုင်ဦး
မည်ဖြစ်သည်။သည်နေရာတွင်တစ်နိုင်ငံနှင့်
တစ်နိုင်ငံအကြားအင်တာနက်ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ဆိုက်ဘာ
ရာဇ၀တ်မှုကာကွယ်ရေးအဆင့်အတန်းကွဲပြားခြင်းကအဓိကပြဿနာတစ်ရပ်
ဖြစ်လာနိုင်ဖွယ်ရှိနေလေပြီ။
ထိုအချက်ကိုသြစတေးလျနိုင်ငံ၊ဘွန်းတက္ကသိုလ်မှအင်တာနက်ဥပဒေဆိုင်ရာအထူးပြုလေ့လာသူပါမောက္ခ
ဒန်ဆဗန်တက်ဆန်က“ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုမူလနေရာကနေ
တခြား နိုင်ငံတစ်ခုခုကိုလွှဲပြောင်းပြီဆိုရင်ဆိုက်ဘာဥပဒေအရတူညီတဲ့ကာကွယ်
စောင့်ရှောက်မှုမျိုးရှိမှာ မဟုတ်ပါဘူး။ဒေတာတွေဟာတခြားနိုင်ငံတွင်းကို
ရောက်သွားရင်ဘယ်သူတွေဝင်ရောက်ကြည့်ရှုကြမလဲ
ဆိုတာလည်းမသိနိုင်ပါဘူး”ဟု၎င်း၏အမြင်ကိုဖွင့်ဟသွားခဲ့သည်။
ဆီတဲလ်မြို့မှRhino Security Labs မှဆိုက်ဘာရာဇ၀တ်မှုအတိုင်ပင်ခံ Benjamin
Caudill ကတော့ဒေတာများလွှဲပြောင်းပုံနှင့်ပတ်သက်၍စိုးရိမ်မိ
ကြောင်းပြောကြားခဲ့သည်။“၀က်အူချောင်းလုပ်နည်းကို လူတိုင်းမသိသလို
အားလုံးလည်းသိဖို့မလိုအပ်ပါဘူး။ခင်ဗျားရဲ့ဒေတာတွေကိုဘယ်မှာသိမ်းထား
မလဲဆိုတာနားလည်ဖို့သိပ်ခက်ခဲတဲ့ကိစ္စပါ။Cloud ကုမ္ပဏီတွေကိုယ်တိုင်က
တောင်ဖောက်သည်တွေရဲ့ဒေတာတွေကိုဘယ်မှာသိမ်းဆည်းပေးရမလဲ လို့
ရွေးချယ်ရခက်နေတဲ့အနေအထားရှိကြပါတယ်” ဟုမစ္စတာCaudill က
ဆိုခဲ့သည်။၎င်း၏အဆိုအရMicrosoft ၏Azure Cloud Service ကိုစမ်းသပ်
သုံးစွဲသောဖောက်သည်တစ်ဦးအနေဖြင့်Hack လုပ်ခံလိုက်ရပြီးကိုယ်ရေး
ကိုယ်တာဒေတာများ၊အရန်သိမ်းဆည်းထားသည့်အရေးကြီးဖိုင်များအားလုံး
လည်းဖျက်ဆီးခံခဲ့ရသည်။
<လုံခြုံရေးကျိုးပေါက်မှုရှိ၊မရှိ>
ယနေ့ခေတ်၏မည်သည့်Cloud ၀န်ဆောင်မှုကုမ္ပဏီမဆို လုံခြုံစိတ်ချရမှု
ကိုဦးစားပေးကြောင်းနည်းလမ်းအမျိုးမျိုးဖြင့်ထုတ်ပြန်ကြေညာတတ်ကြသည်။
သို့သော်၎င်း၏လုံခြုံရေးစနစ်များလုံးဝမကျိုးပေါက်ခဲ့ဘူးပါဟုတော့အာမခံခြင်းမရှိကြပေ။ဥပမာအားဖြင့်တောင် ကယ်ရိုလိုင်းနားရှိGoogle
၏ဆာဗာစက်ခန်း
တွင်လုံခြုံရေးများသည်တံခါးရှေ့တွင်အချိန်ပြည့်ကင်းလှည့်စောင့်ကြပ်နေ
သလိုအတွင်းသို့ဝင်ခွင့်ရသူမှာလည်းမျက်လုံးစကင်စစ်ဆေးခြင်းကိုခံယူရမည်
ဖြစ်သည်။ထိုမျှသာမကအတွင်း ခန်း၌လည်းရုပ်ရှင်ဇာတ်ကားများထဲကလို
ကြမ်းပြင်အောက်ခြေတွင်ယှက်သန်းနေသောလေဆာရောင်ခြည်များက
လည်းကျူးကျော်ဝင်ရောက်သူကိုထိတွေ့မိပါကအချက်ပြဖမ်းဆီးနိုင်မည်ဖြစ်
လေသည်။လုံခြုံရေးကျိုးပေါက်ခြင်း ရှိ၊မရှိနှင့်ပတ်သက်၍Microsoft ၏
ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက“ဖောက်သည်တွေရဲ့ဒေတာတွေကိုကာကွယ်မှု
အပြည့်အ၀ပေးထားပါတယ်။Microsoft Trust Center ကိုလာရောက်ပြီး
လုံခြုံရေးအစီအစဉ်တွေကိုလေ့လာဖို့လည်းဖိတ်ခေါ်ပါတယ်”ဟုပြောကြား ခဲ့ဖူးသည်။
Amazonကတော့ဒေတာသိမ်းဆည်းမှုနှင့်ပတ်သက်ပြီးဖောက်သည်များ၏
အလိုဆန္ဒကိုဦးစားပေးထားကြောင်းအတိအလင်းကြေညာထားခဲ့သည်။ဒေတာသိမ်းဆည်းလိုသည့်နေရာ
ကိုဖောက်သည်ကိုယ်တိုင်ရွေးချယ်နိုင်သလို၎င်းတို့၏ဆုံးဖြတ်ချက်မပါဘဲမည်သည့်နေရာကိုမျှရွှေ့ပြောင်း
လိမ့်မည်မဟုတ်ကြောင်းလည်းအာမခံထားသည်။သို့သော်Gmail
ကဲ့သို့ဝန်ဆောင်မှုမျိုးတွင်မူ ဖောက်သည်
တစ်ဦး၏ဒေတာများသည်ဆာဗာတစ်ခုမကပျံ့နှံ့နေပြီးသား ဖြစ်သည်။
တစ်စုံတစ်ယောက်၏Gmail နှင့်ပတ်သက်သောအချက်အလက်
များသည်လည်းနိုင်ငံတစ်ခုထက်ပို၍ပျံ့နှံ့ရောက်ရှိနေသောအခါဟက်ကာများ၊ဆိုက်ဘာရာဇ၀တ်ကောင်များ
အတွက်တော့အသုံးချရန်လွယ်ကူသောအခြေ
အနေဖြစ်လာခဲ့တော့သည်။Rhino Security Labs မှမစ္စတာCaudill ကတော့
“ခရက်ဒစ်ကတ်ကဒေတာတွေ၊ကိုယ့်ရဲ့ဓာတ်ပုံတွေနဲ့တခြားသူမသိစေချင်တဲ့ အကြောင်းအရာတွေကိုCloud ပေါ်မှာတင်ပြီးမသိမ်းဖို့အကြံပြုပါရစေ”ဟု ပြောကြားခဲ့သည်။
“ခရက်ဒစ်ကတ်ကဒေတာတွေ၊ကိုယ့်ရဲ့ဓာတ်ပုံတွေနဲ့တခြားသူမသိစေချင်တဲ့ အကြောင်းအရာတွေကိုCloud ပေါ်မှာတင်ပြီးမသိမ်းဖို့အကြံပြုပါရစေ”ဟု ပြောကြားခဲ့သည်။
Ref : (Where in the world is my data and how secure is it? - By Rob Crossley)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com
0 comments:
Post a Comment