♪ “LG G5 SE” ♫


LG မှအသစ်ထုတ်လုပ်ထားသော LG G5 SE ကို G5 Life လို့လည်းခေါ်ဆို နိုင်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 149.4×73.9×7.3mm ဖြစ်ကာ အလေးချိန်မှာ 156g ဖြစ်ပါတယ်။ ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ် သုံးဆိုပြီး အမျိုးအစားကွဲပြားပါတယ်။ CPU Chipset ကို Qualcomm Snapdragon 652 chipset ကို အသုံးပြုထားပြီး မြန်နှုန်းကတော့ Octa Core 1.8 GHz ရှိပြီး Screen Size ကတော့ ၅.၃ လက်မရှိပြီး မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 2560 × 1440 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 554 ppi ပါ။

အကြမ်းခံသောဖုန်းမျက်နှာပြင် ဖြစ်စေဖို့ အတွက်လည်း Gorilla Glass 4 ဖုံးအုပ်ပေးထားပါသေးတယ်။ Camera အနေနဲ့လည်း သုံးစွဲသူတွေ နှစ်ခြိုက် လောက်တဲ့ ပမာဏရှိသော Dual Camera Rear Camera 16 MP နဲ့ 8MP Camera နှစ်လုံး ပေါင်းစပ်မှု ကြောင့် မြင်ကွင်းပိုမိုကျယ်ပြန့်တဲ့ (wide view) 135° အထိ လှပသောမြင်ကွင်းကျယ်ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်ပြီး front 8MP ကို အသုံးပြုထားတဲ့အတွက် Selfie သမားများအတွက်လည်း စိတ်ကျေနပ်မှုကိုရရှိ မှာပါ။ ဗီဒီယိုရိုက်ကူးနိုင်မှုစွမ်းရည်မှာ 2160p နှင့် 1080p ဆိုပြီး နှစ်မျိုးရှိပါတယ်။ OS အနေနဲ့ကလည်း android version ဖြစ်သော Marshmallow ကိုအသုံးပြုထားတဲ့အတွက် Update ...update ဆိုမှ ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေစေမှာပါ။

WIFI အနေနဲ့လည်း အမြန်ဆုံး ဆွဲအားနဲ့ နောက်ဆုံးနည်းပညာ 'AC' ကို အသုံးပြုထားပြီး Bluetooth 4.2 နဲ့ NFC, USB 2.0 ပါဝင်လာမှာဖြစ်ပြီး USB 3.0 ကိုလည်း supporting ပေးနိုင်ပြီး ထူးခြားချက်အနေနဲ့ USB Type C ကို အသုံးပြုထား ပါတယ်။ နှစ်သက်စရာ RAM 3 GB နှင့် ROM storage build in 32 GB ထည့်သွင်းထားပါတယ်။ Battery ကို ဖြုတ်တပ်လွယ်ကူ အဆင်ပြေ သော 2,800mAh ကို တပ်ဆင်ထားပါတယ်။

ထိုဘက်ထရီဟာ 3G Network တွင် အသင့်အနေ အထား၌ 380 နာရီနီးပါးနှင့် စကားပြောဆိုဖို့အတွက် နာရီ ၂၀နီးပါးခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါမယ်။ အားသွင်းမြန်ဆန်သော စနစ်လည်းပါရှိပြီး Quick Charge 3.0 ဟာ မိနစ် ၃၀ အားသွင်းရုံဖြင့် 83% အားပြည့် စေမှာ ဖြစ်ပါတယ်။ Dual SIM နှစ်ခုစလုံးက nano sim ဖြစ်ပြီး 4G supporting ကိုလည်း ပေးနိုင်ပါတယ်။ မြန်မာစာစနစ် Zawgyi ရော၊ Unicode ရော နှစ်သက်ရာပြောင်းလဲ အသုံးပြုနိုင်ပါ တယ်။ Security ပိုင်းအနေနဲ့လည်း Finger Print Sensor ကို ထပ်မံဖြည့်သွင်းထားပါတယ်။ Active noise cancellation with dedicated mic စနစ်လည်းပါရှိပါတယ်။ လှပသောအရောင် ကွဲများလည်း ထုတ်လုပ်ပေးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.8 GHz & QC 1.2 GHz
Screen - 5.3 inches
Camera - 16 MP + 8 MP
Bluetooth - v 4.2
Storage - 32GB
OS - Android OS, v6.0.1
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment