♪ “iOS 10 အတွက်မေးခွန်းများ” ♫


iOS 10 ကိုထုတ်ပြတာအတော်ကြာပါပြီ။သုံးနိုင်ပြီဆိုရင်လည်းဖိုင်အရွယ်အစား ကြီးတဲ့အတွက်မိုဘိုင်းအင်တာနက်ကနေOTA upgrade လုပ်ဖို့လူတိုင်း အတွက်အဆင်မပြေပါဘူး။ဟန်းဆက်ကနောက်ဆုံးပေါ်iPhone ကိုင်ထားရင် သုံးသူတွေကiOS 10 ကိုဖျပ်ဖျပ်လူuးpgrade လုပ်ချင်ကြပါတယ်။ကိုယ်တိုင် upgrade လုပ်ဖို့အဆင်မပြေရင်ဆိုင်သွားလုပ်ကြတယ်။OS ပဲဖြစ်ဖြစ်App ပဲဖြစ်ဖြစ်နောက်ဆုံးပေါ်ဆိုတိုင်းကောင်းမယ်မပြောနိုင်ပါဘူး။ကိုယ်နဲ့လက်သင့်ရာprogram ကသာအဆင်အပြေဆုံးပါ။ရှေ့ပြေးiOS 10 ကိုမြင်ရပြီးတဲ့နောက် မှာ သုံးစွဲချင်တဲ့သူအတော်များများကမေးခွန်းတွေမေးကြပါတယ်။အဲဒါတွေက iOS 10 ကတကယ်ပဲupgrade လုပ်ရလောက်အောင် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ထားသလား။၂၀၁၃မှာလုပ်ခဲ့တဲ့iOS 7 upgrade မှာတုန်းလောက်ကတော့ သိပ်ပြီးရင်ခုန်စရာစိတ်လှုပ်ရှားစရာမကောင်းပါဘူး။iOS 7 မှာတုန်းကOS ရဲ့ user interface ကိုလုံးလုံးလျားလျားအသစ်ပြန်ပြီးရေးဆွဲထားခဲ့ပါတယ်။Apple ကထုတ်ခဲ့သမျှiOSတွေထဲမှာiOS 7 ကတော့ဒီနေ့အထိအကြီးအကျယ် အခမ်း အနားဆုံးOS ဖြစ်နေပါသေးတယ်။
iOS 10 ဟာiOS 9 နဲ့သိသိသာသာကြီးကွဲပြားခြားနားနေမှာလား။ ကွဲပြား ခြားနားမှုကတော့ရှိနိုင်ပါတယ်။အထူးသဖြင့်Touch-based feature အသစ် တွေအပိုင်းမှာအပြောင်းအလဲတွေတွေ့နိုင်ပါတယ်။iOS 10 ထည့်ထားတဲ့ ဖုန်းကို ကောက်ကိုင်ပြီးလှုပ်နှိုးတာလုပ်နိုင်တဲ့အပြင်3D Touch shortcut တွေအတော်များများထည့်ပေးထားပါတယ်။ဖုန်းပေါ်မှာတအားဖိကပ်ထား လိုက်တဲ့အခါမှာAdvanced control center setting ထဲရောက်ပါမယ်။အဲဒီ ထဲမှာapp folder တွေကိုနာမည်အသစ် ပြန်ပေးနိုင်တယ်။Lock screen က နေပြီးnotification တွေကိုတုံ့ပြန်ဆောင်ရွက်နိုင်ပါတယ်။ တကယ်တမ်း ပြောရရင်3D Touch ရဲ့အသုံးကိုချဲ့ထွင်ထားပါတယ်။Third party app icon တွေကို3D Touch ကနေအသုံးချနိုင်အောင်လုပ်ပေးထားပါတယ်။အဲဒီ လမ်းကြောင်းဟာiOS 10 ရဲ့ဗဟိုထိန်းချုပ်ရေးနည်းလမ်းဖြစ်လာပါတယ်။
အပြင်ပန်းကြည့်ရင်တော့iOS 10 ကသိသိသာသာပြောင်းလဲသွားမှာလား။ Apple ဟာiOS 10 ရဲ့အဆင်အပြင်ကိုလုံးလုံးလျားလျားအသစ်ဖြစ်အောင် လုပ်ပေးမထားပါဘူး။ဒါပေမယ့်ရှိရင်းအသွင်အပြင်ပေါ်ကနေပြီးအလှည့် အပြောင်းတွေနဲ့သုံးနိုင်အောင်စီစဉ်ပေးထားပါတယ်။ဒါကြောင့်၂၀၁၃ခုနှစ် တုန်းကiOS7နဲ့အတူမိတ်ဆက်ပေးခဲ့တဲ့အရိုးဆုံးအရှင်းဆုံးနဲ့လိုတာလောက်ကိုပဲ ပြဆိုတဲ့အဆင်အပြင်၊3D မပါတဲ့ရိုးရိုးရှင်းရှင်းအဆင်အပြင်တွေကိုiOS 10 မှာလည်းအတော်များများတွေ့နေရပါဦးမယ်။
သိသိသာသာ ပြင်ဆင်ထားတဲ့အပြောင်းအလဲတစ်ခုကတော့notification ကို နောက်ခံမြင်ကွင်းရဲ့bubble တစ်ခုထဲမှာထည့်ပြီးfloating လုပ်ပေးထားတာ ဖြစ်ပါတယ်။ကိုယ်ကြိုက်တဲ့နေရာကိုအလွယ်တကူရွှေ့ထားလို့ရတာပါ။Lock screen ကိုလည်းပုံစံအသစ်ပြောင်းထားလို့slide to unlock ဆိုတဲ့ စွမ်းဆောင် ချက်မရှိတော့ပါဘူး။သူ့အစားpress home to open ဆိုတာကိုအစားထိုး ထားပါတယ်။Maps /Music app တွေနဲ့ပတ်သက်တဲ့ဂရပ်ဖစ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကိုလည်းတွေ့နိုင်ပါတယ်။Music app နဲ့ပတ်သက်တဲ့ အပြင်အဆင်ကတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်မှာပါ။App Music နဲ့ပတ်သက်ပြီးဘာတွေအပြောင်းအလဲလုပ်ထားလို့စိတ်လှုပ်ရှားစရာကောင်း တယ်ပြောရတာလဲ။ပြီးခဲ့တဲ့နှစ်ဇွန်လကမိတ်ဆက်ခဲ့တဲ့Apple Music app ဟာရှုပ်ပွပြီးနားလည်ရခက်တဲ့interface ကြောင့်ရယ်bug တွေများလို့ရယ်လူ တွေ ကအရမ်းဝေဖန်ခဲ့ကြပါတယ်။ပြီးတော့iOSမှာအသင့်ထည့်သွင်းပေး လိုက်တဲ့ရေဒီယိုအသံလွှင့်ရုံBeats 1 ရယ်သူကပြပေးတဲ့Play list တွေရယ်ကို Algorithm တစ်ခုကနေဆောင်ရွက်ပေးတာထက်လူကိုယ်တိုင်ဆောင်ရွက် ပေးတာကိုဂီတချစ်သူတွေကပိုပြီးတောင့်တ ပါတယ်။
Apple Music 2.0မှာတော့New Playing Page ကိုအရင်ကထက် ရှင်းလင်း အောင်လုပ်ပေးထားပါတယ်။For You Feature မှာသီချင်းစာသားတွေ ပြပေးနိုင်အောင်ကြိုးစားထားပါတယ်။နေ့စဉ်နဲ့အမျှအသေအချာစိစစ်ရွေးချယ် ပြီးတင်ပေးထားတဲ့Playlist ကို မြင်ရပါမယ်။မကျေနပ်စရာတစ်ခုကတော့ Beats 1 ရေဒီယိုမှာလိုင်းအသစ်တွေထပ်မတိုးထားတဲ့ကိစ္စပါ။ဒါပေမယ့်Music App နဲ့ပတ်သက်ပြီးမွမ်းမံချက်အသစ်တွေဟာအွန်လိုင်းဂီတလောကရဲ့ ဦးဆောင်သူspotifyကိုတန်တန်ရာရာဝန်ဆောင်မှုပေးလာအောင်တွန်းအား ပေးနိုင်ပါလိမ့်မယ်။iOS 10ရဲ့ဦးတည်ရာလမ်းကြောင်းဟာဘာလဲ၊ဦးတည်ရာ လမ်းကြောင်းအပြောင်းအလဲကို Maps မှာတွေ့နိုင်ပါတယ်။Maps ဒီဇိုင်းဟာ အရင်ကထက်ပိုပြီးရှင်းလင်းလာပါတယ်။တစ်နေ့တာရဲ့ဘယ်အချိန်မှာသုံးစွဲသူဘယ်အရပ်ကိုဦးတည်ပြီးသွား မယ်ဆိုတာမှန်းဆနိုင်လောက်တဲ့အထိ စွမ်းဆောင်ရည်တက်လာတာကိုလည်းတွေ့ရပါမယ်။လမ်းကြောင်းကိုကြိုတင်မှန်းဆနိုင်တယ်ဆိုတဲ့ကိစ္စက အပြောပိုသလိုထင်ရပါတယ်။ဒါပေမယ့် ပြက္ခဒိန် နဲ့ဖုန်းသုံးစွဲသူရဲ့တစ်နေ့ချင်းအလိုက်လှုပ်ရှားသွားလာမှုတွေကိုဖုန်းsensor ကမျက်ခြေမပြတ်စောင့်ကြည့်နေတာမို့ဒီလိုလုပ်နိုင်တာကအမှန်ပါပဲ။
Mapsရဲ့လုပ်ဆောင်နိုင်စွမ်းကဒီလောက်နဲ့မပြီးသေးပါဘူး။သွားရေးလာရေး အဆင်ပြေဖို့လိုအပ်ချက်တွေဖြစ်တဲ့လောင်စာ၊အစားအသောက်နဲ့အိမ်သာကိစ္စတွေကိုလည်းစဉ်းစားပြီး အဆင်ပြေအောင်လုပ်ပေးထားပါတယ်။Maps ကို မပိတ်ဘဲဆီဆိုင်ရှိတဲ့နေရာကိုလမ်းညွှန်ချက်အတိုင်းအရောက်သွားနိုင်တယ်။ကိုယ်ရောက်ရင်အဆင်သင့် စားနိုင်ဖို့စားသောက်ဆိုင်ကိုအဝေးကနေအစား အသောက်ကြိုပြီးမှာထားနိုင်ပါတယ်။
iOS 10 သုံးတဲ့အခါမှာAppတွေနဲ့ပတ်သက်ပြီးApp ကိုချည်းအားကိုးရမှာလား။ App နဲ့ပတ်သက်ပြီးAppleကဖြေလျှော့မှုတွေလုပ်လာပါတယ်။အဲဒါကiOS 10 SDK ပါ။သူ့ထဲမှာAPI အသစ်တွေထည့်ပေးထားပါတယ်။ဒါကြောင့်Third party software ရေးသူတွေဟာသူတို့ရဲ့App တွေကိုMessage/ Siri / Phone / Maps စတဲ့App တွေနဲ့ချိတ်ဆက်ဆောင်ရွက်လာနိုင်ပါတယ်။ဒါကြောင့်iOS 10 မှာ အရင်version တွေထက်စာရင်App တွေနဲ့ပတ်သက်ပြီးပိုဖွင့်ပေးလာတယ် လို့ပြောနိုင်ပါတယ်။ဖွင့်ပေးလာတာမှန်ပေမယ့်Software ရေးသူတွေ အနေနဲ့ သူတို့ရဲ့App တွေကိုstore မပို့ခင်မှာapproval process ကိုမဖြစ်မနေ ဖြတ်ဖို့ လိုပါမယ်။approval process ဟာApp သုံးစွဲသူတွေရဲ့လုံခြုံရေးအတွက် ကြီးကြီးမားမားအကျိုးရှိစေပါတယ်။Apple ရဲ့သဘောထားအသစ်ကြောင့် Apple ထုတ်မဟုတ်တဲ့App တွေနဲ့siriဟာချိတ်ဆက်ပြီးအလုပ်လုပ် နိုင်ပါမယ်။ အဲဒီApp တွေကဖန်တီးတဲ့content နဲ့service တွေကိုယူပြီးသုံးနိုင်မှာဖြစ်တာ ကြောင့်siriရဲ့အလုပ်လုပ်နိုင်စွမ်းကပိုပြီးကျယ်ပြန့်လာပါမယ်။VOIP အတွက် လည်းပိုကောင်းတဲ့အထောက်အပံ့တွေရလာပါမယ်။Lock screen ပေါ်မှာ တောင်call တွေကို ပြနိုင်မယ့်အခြေအနေရှိလာမယ်။Phone app အောက်မှာ ရှိတဲ့Recentsနဲ့Favourite tab တွေအောက်မှာလည်းcalls တွေကို ပြင်လာ နိုင်ပါတယ်။Message ထဲမှာလာမြင်ရမယ့်App တွေနဲ့လည်းတုံ့ပြန် ဆောင်ရွက်နိုင်စွမ်းရလာပါမယ်။iOS 10 Device တွေထဲမှာအသစ်ပါလာမှာက Home app အသစ်ပါ။အိမ်တွင်းအပူပေးစနစ်၊အိမ်တွင်းမီးအလင်းပေးစနစ်၊ တံခါးမကြီးသော့ခတ်တဲ့စနစ်နဲ့အချက်ပေးနှိုးဆော်စနစ်တွေကိုiPhone ဒါမှ မဟုတ်iPadပေါ်ကနေထိန်းချုပ်နိုင်ပါမယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment