♪ " LeEco မှ Cool 1 Dual အား တရားဝင်ကြေညာ " ♫


LeEco သည် Coolpad မှ ရှယ်ယာများကိုရရှိခဲ့ပြီးနောက် dual ကင်မရာပါဝင်သော Cool 1 စမတ်ဖုန်းနှင့် ပတ်သက်သည့်သတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ယခုအခါ Cool 1 အား တရားဝင်မြင်တွေ့ခဲ့ရပြီ ဖြစ်ပြီး 5.5" IPS display ပါဝင်ကာ 1080 p resolution ရှိသည်။

သတ္တုဖြင့်တည်ဆောက်ထားပြီး Snapdragon 652 chipset အားသုံးထားပြီး 1.2 GHz Cortex A-53 core ၄ ခုနှင့် 1.8 GHz Cortex A 72 Core ၄ ခုစီပါဝင်သော octa-core CPU ဖြစ်ကာ Adreno 510 GPU အားသုံးစွဲထားသည်။ RAM 3 GB (သို့) 4 GB ပါဝင်မည်ဖြစ်သည်။ Cool 1 Dual တွင် dual 13 MP ကင်မရာ ၂ ခုအဓိကပါဝင်ကာ sensor တစ်ခုသည် monochrome ဖြစ်ပြီး တစ်ခုမှာ color ဖြစ်သည်။

LeEco မှ ၂၀% ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့် ပုံများရမည်ဟု အာမခံထားပြီး noise ကိုလည်း လျှော့ချပေးနိုင်မည်ဟုဆိုခဲ့သည်။ Monochrome sensor တစ်ခုတည်းကိုသုံးပါက ပုံများမှာ အဖြူ၊ အနက်သာရမည်ဖြစ်သော်လည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ အဓိက ကင်မရာတွင် dual-tone flash ပါဝင်ပြီး 4K ဗီဒီယိုရိုက်ကူးနိုင်သောရှေ့တွင် 8 MP fixed focus ကင်မရာပါဝင်သည်။ 

Cool Dual တွင် memory 32/64 GB ရွေးနိုင်မည်ဖြစ်ကာ ကျောဘက်တွင် လက်ဗွေဖတ်နိုင်သော finger-print sensor လည်းပါဝင်သည်။ 32 GB/ 3 GB RAM အတွက် ၁၆၆ ဒေါ်လာဝန်းကျင် 32 GB/4 GB RAM တွက် ၂၂၆ ဒေါ်လာဝန်းကျင်ကျသင့်မည်ဖြစ်ပြီး 64 GB/ 4 GB RAM အတွက်မူ ၂၅၇ဒေါ်လာဝန်းကျင် ကျသင့်လိမ့်မည်ဟုသိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment