နယူးဇီလန်က နာမည်ကျော်ပီဇာကုမ္ပဏီဖြစ်တဲ့ Domino Pizza ကုမ္ပဏီဟာ
ကမ္ဘာ့ပထမဆုံး စီးပွားရေးဆိုင်ရာဒရုန်းနဲ့ ပီဇာတွေလိုက်ပို့ခွင့်ရတဲ့
ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ပီဇာကုမ္ပဏီအနေနဲ့ ဒီလိုပို့ဆောင်ရာမှာ Auckland ဒေသက
တစ်နေရာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပထမဆုံးအနေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။
Amazon နဲ့ Google တို့လိုကုမ္ပဏီတွေဟာ ဒရုန်းတွေကို သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စတွေအတွက် အသုံးပြုနေခဲ့ကြတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ UK၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက အာဏာပိုင်တွေဟာ ဒီရည်ရွယ်ချက်ကို ခွင့်ပြုပေးခဲ့ကြပါတယ်။
“ဒရုန်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတာကို ခွင့်ပြုလိုက်တာဟာ လမ်းပိတ်တာတွေလို အခက်အခဲတွေကို အလွယ်တကူကျော်လွှားနိုင်လာလို့ သယ်ယူပို့ဆောင်ရေးနယ်ပယ်ကို ချဲ့ထွင်လာနိုင်ပါတယ်။ အဲ့ဒီအပြင် ပိုမိုမြန်ဆန်၊ လုံခြုံရတဲ့ အကျိုးဆက်တွေ ရရှိလာပါတယ်” Domino အုပ်စုရဲ့ CEO နဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Don Meij ကဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အမေရိကန်ရဲ့ 7-Eleven စတိုးဟာ ကော်ဖီ၊ ဒိုးနတ်နဲ့ ကြက်သားဆင်းဒွစ်ခ်ျတွေကို ဒရုန်းနဲ့ လိုက်လံပို့ဆောင်ပေးတဲ့ ပထမဆုံး စတိုးဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သုံးသပ်သူတွေဟာ Drone Delivery ဝန်ဆောင်မှုကို သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျပန်နဲ့ ဂျာမနီနိုင်ငံတွေမှာ ထပ်မံဖြစ်ထွန်းလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

www.pyaephyo.com
0 comments:
Post a Comment