♪ “Vital Mobile V7” ♫


နောက်ဆုံးပေါ် ဖုန်းများဟာ OS အမျိုးအစားများ မြင့်မားလာသလို CPU စွမ်းရည်များလည်း ကောင်းမွန် လာပါတယ်။ နှစ်စဉ်ပြောင်းလဲလာသောနည်းစနစ်များကို နောက်ဆုံးပေါ်ဖုန်း များတွင် ထည့်သွင်းပေးလာ ကြရာ အခု နောက်ပိုင်းထုတ်ဖုန်းများရဲ့ OS အဆင့်အတန်းသည် Marshmallow ဖြစ်လာ ပါတယ်။ Vital တံဆိပ်မှလည်း စမတ်ဖုန်းများစွာကို ထုတ်လုပ်ရောင်းချ ပေးထားပြီး ဈေးနှုန်းတန်ဖိုးမှာလည်း သင့်တင့်မျှတ ပါတယ်။

ဒါကြောင့် လူတန်းစားမျိုးစုံ ကိုင်ဆောင်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ V7 ရဲ့ ပုံပန်းသဏ္ဌာန် သည် လေးထောင့်ကျသော အသွင်ဒီဇိုင်းရှိပြီး ထိပ်ဘက် ထောင့်များ၌ အ၀န်းအ၀ိုက် ပုံစံရှိပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း ကြီးမား သောဖုန်းဖြစ်ပါတယ်။ IPS-HD မျက်နှာပြင်သည် 5 inches အကျယ်အ၀န်းရှိပါ တယ်။ ကြည်လင်တောက်ပသော ပုံရိပ်များကို ပေးစွမ်းနိုင်စေဖို့ အတွက် မြင်ကွင်းစွမ်းရည်တွင် 720 × 1280 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါ တယ်။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထား ပါတယ်။ အဓိကကင်မရာသည် 8 MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2 MP စွမ်းရည်ရှိပါတယ်။

ဆင်းကတ်ထည့်သွင်းနိုင်သည့် အပိုင်းသည်လည်း သုံးစွဲသူများအတွက် အဆင်ပြေစေပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားပါ။ 4G Network အထိ အထောက်အပံ့ပေးပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် ROM ကို 8GB ထည့်သွင်းပေးထားပြီး RAM ကို 1GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းချင်သူများအတွက် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်နိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။

အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 32GB အထိဖြစ်ပါတယ်။ OTG, Wake up Gesture, Hotknot စသော ဖန်ရှင် များကိုလည်း သုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။ V7 တွင် တိုက်တေနီယမ် Frame အစစ်ကိုသာ သုံးထားပါသည်။

<Specification>
Network - GSM/ WCDMA/LTE
Memory - up to 32 GB
CPU - Quad Core 1.3GHz × 4
Camera - 8MP
Screen - 5 inches
OS - Android OS, v5.1
Contact - 09-970333884
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment