• Huawei အဆင့်မြင့်စမတ်ဖုန်းများကို ၀ယ်ယူအားပေးသူတိုင်းက Huawi Gold Touch ကံစမ်းမဲအစီအစဉ်မှ ရွှေဒင်္ဂါးဆုများကို ကံစမ်းရယူနိုင်
  • Huawei Gold Touch ကံစမ်းမဲအစီအစဉ်မှ ရွှေဒင်္ဂါးဆုကံထူးသူ (၂၅) ဦးပေါ်ထွက်ခဲ့
၂၀၁၆ခုနှစ် သြဂုတ်လ ၂ရက်၊ ရန်ကုန်၊ မြန်မာ။ – နိုင်ငံတကာမှာ ဦးဆောင်နေတဲ့ ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ “Huawei” က Gold Touch ကံစမ်းမဲအစီအစဉ်အတွက် ပထမဆုံးအကြိမ် ကံထူးရှင်ရွေးချယ်ပွဲကို ရန်ကုန်မြို့ မြန်မာပလာဇာရှိ Huawei Branded Shop တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ကံစမ်းမဲရွေးချယ်ပွဲကို Huawei ချစ်သူများနှင့် ဈေးဝယ်သူများရှေ့မှောက်တွင် မော်ဒယ်လ်သရုပ်ဆောင် မျိုးကိုကိုကျော်၊ Miss Myanmar Universe 2014 သျှားထွဋ်အိန္ဒြာ၊ Huawei Device Myanmar ၏ Marketing Director Mr. Jeff Yang နှင့် စာနယ်ဇင်းကိုယ်စားပြု ကိုသန်းထိုက်အောင်နှင့် မနေနွယ်တို့မှ ကံထူးရှင် (၂၅) ဦးကို မဲနှိုက် ရွေးချယ်ပေးခဲ့ပါသည်။

ကံစမ်းမဲရွေးချယ်ပွဲအစီအစဉ်ကို အချိန်နှင့် တပြေးညီ ရိုက်ကူးကာ Huawei Mobile Myanmar ဖေ့ဘွတ်ခ်စာမျက်နှာတွင် “Live” ထုတ်လွှင့်ခဲ့ပါသည်။ ကံထူးရှင်စာရင်းကို Huawei Mobile Myanmar ဖေ့ဘွတ်ခ်စာမျက်နှာနှင့် သတင်းစာ၊ ဂျာနယ်များတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

Huawei ၏ Gold Touch ကံစမ်းမဲအစီအစဉ်မှာ အဆင့်မြင့်စမတ်ဖုန်းများဖြစ်ကြသည့် P9 ၊ P9lite ၊ GR5 နှင့် GR5 Mini ဝယ်ယူသော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရွှေဒင်္ဂါးဆုများကို ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ဖြစ်သည်။ ကံစမ်းမဲကာလမှာ သြဂုတ်လ (၆) ရက်နေ့မှ   အောက်တိုဘာလ (၂) ရက်နေ့အတွင်း ဖြစ်ပြီး P9 ၀ယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် (၂)စောင်ရရှိမည်ဖြစ်ကာ ကျန်သည့် P9lite၊ GR5၊ GR5 Mini တို့ကို ၀ယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် (၁) စောင်စီ ရရှိကာ အချက်အလက်များဖြည့်ပြီး ကံစမ်းနိုင်မည်ဖြစ်ပါသည်။

ကံစမ်းမဲအစီအစဉ်အပြင် P9 ကို ၀ယ်ယူသူများအနေဖြင့် Tripod နှင့် Selfie Stick တို့ ပါဝင်သည့် Photography Gift Package၊ P9lite ၀ယ်ယူသူများအနေဖြင့် Bluetooth Selfie Stick နှင့် GR5၊ GR5mini ၀ယ်ယူသူများအနေဖြင့်Gift Box စသည့် လက်ဆောင်များကို ရရှိမည်ဖြစ်ပါသည်။ Huawei ၏ Gold Touch ကံစမ်းမဲအစီအစဉ်ကို မြန်မာနိုင်ငံအရပ်ရပ်ရှိ Huawei Branded Shopများနှင့် Huawei နှင့် ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေအပါအ၀င် ဆိုင်ပေါင်း (၅၀၀) ခန့်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ Huawei Gold Touch ကံစမ်းမဲအစီအစဉ်ရှိရာဆိုင်များကို စုံစမ်းလိုလျှင် Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ကျန်ရှိနေသော ကံစမ်းမဲများကို ၀ယ်ယူအားပေးသည့် ရက်စွဲများပေါ်မူတည်၍ အောက်ပါ အတိုင်း ပြုလုပ် သွားမည်ဖြစ်ပါသည်။

  • ဒုတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့)
သြဂုတ်လ ၂၂ရက်နေ့ကနေ စက်တင်ဘာလ ၄ရက်နေ့အတွင်း ၀ယ်ယူသူများအတွက်
  • တတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့)
စက်တင်ဘာလ ၅ရက်နေ့ကနေ စက်တင်ဘာလ ၁၈ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက်
  • စတုတ္ထအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့)
စက်တင်ဘာလ ၁၉ရက်နေ့ကနေ အောက်တိုဘာလ ၂ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက် ကျန်ရှိနေသော ကံထူးရှင်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲတစ်ကြိမ်စီတွင် (၂၅) ဦးကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကာ ကံစမ်းမဲအစီအစဉ်ကို Huawei Mobile Myanmar ဖေ့စ်ဘွခ် စာမျက်နှာတွင် “တိုက်ရိုက်” ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ ဆက်လက်ကံထူးသူများစာရင်းကို ကံစမ်းမဲဖွင့်သည့်နေ့တွင် Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြပေးသွားမည်ဖြစ်ပြီး နောက်ရက်တွင် သတင်းစာ၊ ဂျာနယ်များ၌ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ကံထူးရှင်များအနေနှင့် ကံစမ်းမဲနှိုက်ပြီး (၁၄) ရက်အတွင်းတွင် မိမိဝယ်ယူခဲ့သော ဆိုင်တွင် ကံစမ်းမဲကူပွန်မူရင်းနဲ့အတူ မှတ်ပုံတင်ကိုပြပြီး ဆုထုတ်ယူရမည်ဖြစ်ပါသည်။ သတ်မှတ်ရက်ကျော်လွန်မှ လာရောက်ထုတ်ယူသူများကို နောက်တစ်ကြိမ်နှိုက်မည့် ကံစမ်းမဲအစီအစဉ်များတွင် ထည့်သွင်းစဉ်းစား ပေးသွားမည် ဖြစ်ပါသည်။

Huawei Gold Touch ကံစမ်းမဲအစီအစဉ်အကြောင်းကို အသေးစိတ်သိရှိလိုပါက Hotline 01-9000900 ကို ခေါ်ဆိုမေးမြန်းခြင်း (သို့) Huawei Mobile Myanmar ဖေ့ဘွတ်စာမျက်နှာ (www.facebook.com/HuaweiDeviceMyanmar) တွင် ၀င်ရောက်ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ဩဂုတ်လ ၂၈ ရက် ၂၀၁၆ Huawei Gold Touch ကံစမ်းမဲအနိုင်ရရှိသူများ
ကိုဆန်နီအောင်                         မဝေေ၀                                     ဦးမင်းဦး
ကိုမျိုးမင်းထွန်း                           ကိုဇော်ဝင်းမောင်                        ကိုပြည့်ဖြိုးဦး
မယမုံ                                        မခင်နှင်းနှင်းသက်                       ကိုညွှန့်ဆန်းဝင်း
ကိုကျော်စွာမြင့်                           ဦးသာထွန်း                                ကိုသီဟ
ဒေါ်သင်းသင်းဌေး                       ကိုဇာနည်စိုး                               မချိုလဲ့ခင်
ကိုကျော်မျိုး                                ကိုဟန်စိုး                                   ကိုမျိုးလွင်
ကိုထွန်းထွန်း                              မခိုင်ယဉ်ဖြိုး                               မောင်ဇင်ထက်အောင်
ကိုဇော်မျိုးထက်                          မနွေးနွေးထွန်း                            ကိုတရုတ်ကြီး
ဦးကိုကိုဇော်