♪ Android Nougat မှာ iOS ကနေ Android ဖုန်းပြောင်းသုံးချင်သူတွေအတွက် ဒေတာကူးပြောင်းမှုပါရှိ ♫


Reddit အသုံးပြုသူတစ်ဦးဟာ Android 7.0 Nougat တင်ထားတဲ့ သူ့ရဲ့ Nexus 6P စမတ်ဖုန်းကို factory reset ချပြီး၊ ပြန်ဖွင့်ကြည့်လိုက်တဲ့အခါ စိတ်ဝင်စားဖွယ်ရာ Android လုပ်ဆောင်ချက်အသစ်တစ်ခု ကို တွေ့ရှိခဲ့ပါတယ်။

gsmarena_001

ဒါကတော့ iOS ကနေ Android ဖုန်းပြောင်းသူတွေအတွက် အဆင်ပြေစေမယ့် ဒေတာကူးပြောင်းမှုလုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်ပြီး၊ Google ရဲ့ Android စနစ်တစ်ခုမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတာဖြစ်ပါတယ်။ အရင်က HTC နဲ့ Samsung ဖုန်းတစ်ချို့မှာ ဒီလိုလုပ်ဆောင်ချက်မျိုးပါပေမယ့်၊ ပြင်ဆင်မှုမလုပ်ထားတဲ့ Google ရဲ့ stock Android ဗားရှင်းမှာတော့ အခုမှပါလာတာပါ။

ဒါပေမယ့် Google က ထည့်ပေးထားတဲ့ iOS ကနေ ဒေတာကူးပြောင်းမှုလုပ်ဆောင်ချက်ဟာ Apple က ထုတ်ပေးထားတဲ့ Move to iOS app လို အဆင်သင့်ရွှေ့နိုင်တာမဟုတ်ဘဲ၊ ဝက်ဘ်ကိုတဆင့်သွားဖို့ လမ်းညွှန်ချက်ပေးထားရုံလောက်ပဲ ဖြစ်ပါတယ်။

Google က ညွှန်ထားတဲ့ Android.com/switch ကို သွားလိုက်ရင်၊ သင့် iPhone ထဲက ဓာတ်ပုံ၊ အီးမေးလ်၊ လိပ်စာ နဲ့ apps တွေကို Backup လုပ်ထားနိုင်မှာဖြစ်ပြီး၊ Android ဖုန်းတစ်လုံးပြောင်းကိုင်တဲ့အခါ ဒီဖိုင်ဒေတာတွေကို အလွယ်တကူပြန်ရွှေ့နိုင်မှာဖြစ်ပါတယ်။ အီးမေးလ်နဲ့ မက်ဆေ့တွေကိုတော့ Samsung ရဲ့ Smart Switch လိုမျိုး ကူးပြောင်းနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment