Lenovo က ရုရှားမှာ Vibe C2 Power ကို မိတ်ဆက်လိုက်ပြီး Vibe C2 ရဲ့ စွမ်းရည်မြင့် မော်ဒယ် ဖြစ်ပါတယ်။ Vibe C2 Power မှာ အရွယ်ကြီး 3500mAh Battery တပ်ဆင်ထားပါတယ်။ Vibe C2 မှာတော့ 2750mAh Battery သာ တပ်ဆင်ထားတဲ့အတွက် Power က 750mAh ပိုမိုများပြားပါတယ်။ ဒါ့အပြင် Power က RAM ပမာဏ ၂ ဆ ပိုမိုများပြားပြီး 2GB ပါရှိလာပါတယ်။

ကျန်တဲ့ Specification များမှာ တူညီကြပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ LED Flash တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါရှိပါတယ်။ 16GB Internal Storage, Android 6.0 Marshmallow ထည့်သွင်းထားပါတယ်။ Lenovo Vibe C2 Power ကို ရုရှားမှာ ဒေါ်လာ ၁၆၇ ၀န်းကျင်ဖြင့် ရောင်းချပေးနေပါတယ်။