♪ “Huawei P9 နဲ့ HTC 10 တို့ အကောင်းဆုံးစမတ်ဖုန်းများ ဆုကိုရရှိ” ♫


European Imaging and Sound Association (EISA) က နှစ်စဉ် အကောင်းဆုံး စမတ်ဖုန်းဆုများကိုပေးအပ်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း အကောင်းဆုံးစမတ်ဖုန်းများကိုရွေးချယ် ဆုချီးမြှင့်ခဲ့ပါတယ်။ Huawei P9, HTC 10, LG G5, Samsung Galaxy S7, Samsung Galaxy S7 Edge, CoolPad Torino တို့ကဒီနှစ်မှာအကောင်းဆုံးစမတ်ဖုန်းဆုများကို ကဏ္ဍ အလိုက် အသီးသီးရရှိခဲ့ပါတယ်။

EISA က ယခင်နှစ်ကရွေးချယ်ခဲ့တဲ့ အကောင်းဆုံး European Consumer Smartphone ဆုကို Huawei P8 က ရရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း Huawei P9 က European Consumer Smartphone ဆုကိုဆက်လက်ရရှိခဲ့ပါတယ်။ Huawei P9 ဟာဒီဇိုင်းလှပခြင်း၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Hardware များထည့်သွင်းထားခြင်း၊ ထူးခြား ဆန်းသစ်တဲ့ ကင်မရာတပ်ဆင်ထားခြင်းစတဲ့ ဂုဏ်ပုဒ်များကို ပေါင်းစပ် ထား ခြင်းကြောင့် အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကိုအနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

CoolPad Torino ကတော့ European Budget Smartphone ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံးစမတ်ဖုန်းများထဲမှာအကောင်း ဆုံး ဖြစ်လို့ပါပဲ။ CoolPad Torino ကိုဥရောပမှာရောင်းချ လျှက်ရှိပြီးယူရို ၂၀၀ တန်ကြေးရှိပါတယ်။ LG G5 ဟာတီထွင်ဆန်းသစ်မှု အကောင်းဆုံးစမတ်ဖုန်း အဖြစ် European Mobile Innovation ဆုကိုရရှိခဲ့ပါတယ်။

Samsung Galaxy S7 နဲ့ S7 Edge တို့ကတော့ အကောင်းဆုံးစမတ်ဖုန်းကင်မရာဆုဖြစ်တဲ့ Best Smartphone Camera ကိုရရှိခဲ့ပါတယ်။ စွမ်းဆောင်ရည်အမြင့်မားဆုံးဆု ဖြစ်တဲ့ European Advanced Smartphone ကို HTC 10 က ရရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment