♪ " Huawei G9 Plus အား တရားဝင်ထုတ်လုပ် " ♫


Huawei သည် စမတ်ဖုန်းအသစ်တစ်ခုအား တရားဝင်ကြေညာသွားခဲ့ပြီး Huawei G9 Plus သည် Snapdragon 625 chipset ကိုသုံးခဲ့ကာ 5.5" Full HD display ပါဝင်ခဲ့ကြောင်းသိရသည်။ 151.8 x 75.7 x 7.3 mm အရွယ်အစားရှိပြီး 160 g လေးသည်။ 5.5" display သည် IPS LCD အမျိုးအစားဖြစ်ကာ Full HD 401 ppi Pixel Density ရှိခဲ့သည်။

Android 6.0 Marshmallow အား Huawei ၏ Emotion UI 4.1 ဖြင့် တွဲဖက်သုံးစွဲထားသည်။ Snapdragon 625 octa-core chipset ဖြစ်ကာ 2.0 GHz မြန်နှုန်းရှိပြီး Adreno 506 GPU အား သုံးစွဲထားသည်။ ဖုန်းတွင်း memory ပမာဏ 32/ 64 GB နှစ်မျိုးရွေးချယ်နိုင်ပြီး RAM 3 GB/ 4 GB နှစ်မျိုးကွဲပြားမည်ဟုသိရသည်။

အဓိကကင်မရာသည် 16 MP ဖြစ်ကာ 4K ဗီဒီယိုအားရိုက်ကူးပေးနိုင်ပြီး ရှေ့ဘက်တွင် 8 MP ကင်မရာပါဝင်သည်။ ကျောဘက်တွင် fingerprint sensor ပါဝင်ကြောင်းသိရသည်။ ကင်မရာအတွက် 1/2.8" sensor အားသုံးစွဲထားသည်။ Connectivity အနေဖြင့် WiFi 802 b/g/n Bluetooth 4.1, USB Type-C စသည်တို့ပါဝင်ခဲ့သည်။

Li-Po 3340 mAh ဘက်ထရီအားသုံးစွဲထားကြောင်းသိရသည်။ အဖြူ၊ အနက်နှင့်ရွှေရောင် ၃ မျိုး ရွေးချယ်နိုင်မည်ဖြစ်သည်။ တရုတ်တွင် စတင်ရောင်းချမည်ဖြစ်ကာ 3 GB RAM ပါဝင်သော အမျိုးအစားအား ဒေါ်လာ ၃၆၀ ၀န်းကျင်ဖြင့် ရောင်းချမည်ဟုသိရသည်။ 4 GB RAM အတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment