♪ ပုံရိပ်တွေကို Offline အနေနဲ့ ပြင်ဆင်နိုင်ပြီ ဖြစ်တဲ့ Prisma ♫


နာမည်ကြီး ပန်းချီကျော်တွေရဲ့ ပန်းချီပုံစံ ပုံရိပ်ပြောင်း စမတ်ဖုန်း App ဖြစ်တဲ့ Prisma ဟာ  ယခုအခါ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ရပ်ကို ထပ်မံထည့်သွင်းလာခဲ့ပါတယ်။ အဲ့ဒါကတော့ iOS အတွက် Prisma App မှာ ပုံရိပ်တွေကို ပြောင်းလဲရာမှာ အရင်လို Online အနေနဲ့မဟုတ်ပဲ Offline အနေနဲ့ ပြောင်းလို့ရမယ့် လုပ်ဆောင်ချက်အသစ်တစ်ရပ်ကို ပထမဆုံးအနေနဲ့ ထည့်သွင်းလိုက်တာပါ။

ပုံရိပ်တွေကို ပြောင်းလဲဖို့အတွက် အင်တာနက်ကွန်နက်ရှင် လိုအပ်တဲ့ အချက်ကို ပြောင်းလဲ ပြင်ဆင်လိုက်တာပါ။ ဒါကြောင့် ဒီ Update ဗားရှင်းမှာ Prisma ရဲ့ Filter တွေကို လုပ်ဆောင်ဖို့အတွက် အင်တာနက်ဖွင့်စရာမလိုတော့ပါဘူး။

“ကျွန်တော်တို့တွေ အပြောင်းအလဲတွေ ပြုလုပ်ထားပါတယ်” လို့ Prisma ရဲ့ မော်စကိုအခြေစိုက်အသင်းက ဆိုပါတယ်။ အဲ့ဒီအပြင် Processing လုပ်တဲ့အချိန်ကို ၅စက္ကန့်ကနေ ၃စက္ကန့်လောက်သာကြာအောင် လျှော့ချထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် Android အတွက် ဒီလုပ်ဆောင်ချက်ကို ဘယ်တော့ ရရှိမယ်ဆိုတာကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Prisma

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment