ဒီဇိုင်းလန်းလန်း အရောင်ဆန်းဆန်းလေးတွေနှင့် မည်သည့်ဖုန်းနှင့်မှ မတူ ကွဲပြားပြီး တွေ့မြင်ရသူတိုင်း စိတ်ဝင်စားစေမည့် LG မှ တီထွင်ထုတ်လုပ်လိုက်သော AKA Smart Phone လေးများဖြစ်ပါတယ်။ LG မှ ထုတ်လုပ်လိုက်သော AKA phoneလေးဟာ ချစ်စရာ့အရုပ်မျက်လုံးလေးတွေကို ဖုန်းမျက်နှာပြင်မှာ လှုပ်ရှားနေအောင် ပြုလုပ်ထားပါတယ်။

အဆိုပါ ချစ်စရာ မျက်လုံးလေးတွေကတော့ မိမိတို့ Function Application တွေ အသုံးပြုမှုအပေါ် မူတည်ပြီးတော့ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဖုန်းအားကုန်ချိန်ရောက်တော့မယ်ဆိုရင်လည်း Screen ပေါ် က မျက်လုံးဝိုင်းဝိုင်းလေးက မှေးစင်း နေမှာပါ။ သီချင်း နားထောင်တဲ့ အခါမှာတော့ မျက်လုံးလေးလည်း နားကျပ်လေးနဲ့ သီချင်းနားထောင်နေတာကို တွေ့မြင်ရမှာပါ။ ဒီလို Screenပေါ်က မျက်လုံးလေးတွေနဲ့ ဖုန်းသုံးစွဲသူတွေအတွက် စိတ်ပျော်ရွှင်စရာ ဖြစ်နေမှာကတော့ အမှန်ပါဘဲ။လူငယ်လေးတွေအကြိုက်ဖြစ်နေ မှာတော့အသေချာပါပဲ—–

ဒီAKA ဖုန်းတွေ၇ဲ့ ပုံစံက တစ်မူထူးခြားသလို မျက်နှာပြင်အရွယ်အစားက ၅လက်မရှိပြီး Resoultion 720×1280 ရှိခြင်းကြောင့် အရည်အသွေးကောင်းမွန်သော ဓာတ်ပုံတစ်ပုံကို ရရှိမှာပါ။ Android OS 4.4 နဲ့ 16GB ရှိသော Micro SDRam 1.5တို့ ကို ထည့်သွင်းထားပါတယ်။ GSMဆင်းကဒ်နှင့် 3Gကွန်ယက်ဖြင့် အင်တာနက်သုံးစွဲနိုင်ပြီး Wi-Fi ,GPS,Bluetooth တို့ ကိုလည်း အသုံးပြုနိုင်ပါသည်။

ထို့ပြင် 1.2 GHz Quad-Core Processor ပါဝင်သောကြောင့် AKA ဖုန်းက သုံးစွဲသူများ အကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။

ဈေးနှုန်း ၂၄၉,၀၀၀ ကျပ်ဖြင့် LG Showroom – 01-254559,254561 တို့မှာ ၀ယ်ယူရရှိနိုင်ပါတယ်။