♪ Lenovo စမတ်ဖုန်းတွေမှာ Microsoft ရဲ့ Apps တွေ တပါတည်းပါရှိလာတော့မည် ♫


နောက်ထွက်မယ့် Lenovo စမတ်ဖုန်းအသစ်တွေမှာ Microsoft က ထုတ်ထားတဲ့ မိုဘိုင်း apps တွေ တပါတည်းပါရှိလာတော့မှာဖြစ်ပါတယ်။ Microsoft နဲ့ Lenovo တို့ကြား သဘောတူညီမှုတစ်ခုအရ လာမယ့် Lenovo တစ်ချို့ဖုန်းတွေမှာ Microsoft Office ၊ OneDrive နဲ့ Skype တို့ တပါတည်းပါရှိလာတော့မှာဖြစ်ကြောင်း တနလာင်္နေ့မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Microsoft Office မှာ Word ၊ Excel ၊ PowerPoint ၊ Outlook စတဲ့ ပရိုဂရမ်တွေပါရှိမှာဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေ အတွက်တော့ အသုံးဝင်မှာပါ။ ဒါပေမယ့် ဒီ apps တွေ မလိုတဲ့ user တွေအတွက်တော့ နည်းနည်းစိတ်အနှောင့် အယှက်ဖြစ်စရာလို့ ပြောနိုင်ပါတယ်။

နောက်ထပ် apps တစ်ခုဖြစ်တဲ့ OneDrive ကတော့ Microsoft ရဲ့ cloud စနစ်သုံးဖိုင်သိမ်းဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး၊ တော်တော်များများအတွက် အသုံးဝင်နိုင်ပါတယ်။ Skype ကတော့ အားလုံးသိကြတဲ့အတိုင်း ဗီဒီယိုနဲ့ ဖုန်းကော ခေါ်ဆိုမှု app တစ်ခုပါ။

Microsoft ဟာ အရင်တုန်းက ၎င်းရဲ့ ဆော့ဖ်ဝဲတွေကို Windows နဲ့ Mac မှာပဲ ထုတ်ပေးခဲ့ပေမယ့်၊ အခုနောက်ပိုင်းမှာတော့ CEO Satya Nadella ရဲ့ လမ်းညွှန်ချက်နဲ့အတူ သူ့ဆော့ဖ်ဝဲတွေကို iOS နဲ့ Google ရဲ့ Android စက်တွေ အတွက်လည်း စတင်ထုတ်ပေးလာခဲ့ပါတယ်။

Microsoft ရဲ့ ကိုယ်တိုင်ထုတ် Lumia ဖုန်းတွေ အောင်မြင်မှုမရရှိတာကြောင့်၊ သုံးစွဲသူအများဆုံးဖြစ်တဲ့ Android ဘက် ခြေဦးလှည့်လာတာဖြစ်ပါတယ်။

Lenovo ဖုန်းတွေအပြင် Lenovo က ဝယ်ယူထားတဲ့ Motorola ဖုန်းတွေမှာလည်း Microsoft apps တွေကို တွေ့မြင်ရဖို့ရှိနေပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment