♪ ဈေးနှုန်းချိုသာတဲ့ - “KENBO Hero K2” ♫


မိုဘိုင်းဖုန်းအသုံးပြုသူတွေအကြား ယနေ့ခေတ်မှာ ရေပန်းစားလာတာကတော့ မြန်နှုန်းမြင့်အင်တာနက် 4G ကွန်ရက်ရတဲ့ ဖုန်းတွေပါပဲ။ သာမန်အားဖြင့် 4G ကွန်ရက်တွေမှာ အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဈေးနှုန်းကြီးမြင့်တာ ကြောင့် ဖုန်းဝယ်ယူတဲ့အခါ ရွေးချယ်ဝယ်ယူနိုင်ခွင့် အလွန်နည်းပါးပါတယ်။

KENBO Smartphone က ထုတ်လုပ်ထားသော Hero K2 ဖုန်းလေးဟာ 4G LTE ကွန်ရက်မှာ ဖုန်းသုံးနိုင်ရုံသာမကဘဲ ဖုန်းမှာစွမ်းဆောင်ရည်မြင့် Hardware များနဲ့ Camera တို့အပြင် လူကြိုက်များတဲ့ အင်္ဂလိပ်အက္ခရာ သင်္ကေတအမှတ်အသားလေးများနဲ့ မှတ်သားကာ သက်ဆိုင်ရာ Application များကို တိုက်ရိုက်ဝင်ရောက် အသုံးပြုနိုင်တဲ့ Hand Control (M, W, O, E, L) စနစ်များလည်း ပါဝင်ပါတယ်။

Hero K2 မှာ ဖုန်းတစ်ခုလုံးရဲ့ လုပ်ဆောင်ချက် များကို ထိန်းချုပ်ခြင်း၊ ပေးသွင်းလိုက်တဲ့ အချက်အလက် (Data) များကို တွက်ချက်ပြီးနောက် အဖြေပြန်လည် ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေး နိုင်တဲ့ CPU ရဲ့ လုပ်နိုင်စွမ်းအားဟာ Quad Core 1.4 GHz ဖြစ်တာကြောင့် သာမန် CPU 8 လုံးစာ အလုပ်လုပ်နိုင်ပြီး အလွန်မြန်ဆန်ပါတယ်။ Memory ပမာဏကို RAM 1GB နဲ့ ROM 8 GB ထည့်သွင်းပေးထားတဲ့အတွက် အင်တာနက်၊ ဂိမ်းတို့ အသုံးပြုတဲ့အခါမှာ လည်း ထစ်ငေါ့တာတွေမရှိဘဲ သွက်လက်နေမှာပါ။

ကင်မရာရဲ့ မှန်ဘီလူးကို 5P Largen Lens နည်းပညာနဲ့ ဖန်တီးပေးထား တဲ့အတွက် ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ကြည်လင်တောက်ပတဲ့ ရုပ်ပုံများ ရရှိ စေမှာပါ။ ဓာတ်ပုံရိုက်တဲ့ ကင်မရာတစ်လုံး ယူဆောင်သွားစရာမလိုအောင် အရှေ့ဘက်တွင် 5 Megapixels နဲ့ အနောက်ဘက်တွင် 13 Megapixels အထိ ရုပ်ထွက်ကောင်းမွန်တဲ့ ကင်မရာများကို တပ်ဆင်ပေးထားပါတယ်။

5 MP Front Camera သည် ၈၈ ဒီဂရီရှု့ထောင့်ကို ရိုက်နိုင်သော မှန်ဘီလူးကို အသုံးပြုပေးထားတာ ကို တွေ့မြင်ရမှာပါ။ ဖုန်းရဲ့ ဘက်ထရီကတော့ 2700 mAh အမျိုးအစားဖြစ်ပါတယ်။

<Specification>
Network - GSM/ WCDMA/LTE
Memory - 8 GB
CPU - Quad Core 1.4 GHz
Camera - 13MP
Screen - 5.5 inches
OS - Android OS, v4.4.2
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

1 comments:

Hello Brother,
I would like to request about KENBO O41 mobile. So, Please guide me warmly.

Post a Comment