♪ မျက်နှာပြင်ကွေးဒီဇိုင်းနဲ့ ထွက်လာမယ့် Xiaomi Mi Note 2 ဖုန်းသစ်ပုံရိပ်များ ပေါက်ကြားလာ ♫


Xiaomi ရဲ့ ဖုန်းသစ်ဖြစ်တဲ့ Mi Note 2 အတွက် အတည်မပြုနိုင်တဲ့ ပုံရိပ်တွေ အွန်လိုင်းမှာ ထပ်မံပေါက်ကြားလာခဲ့ပြီး အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ ကောလဟာလသတင်းနဲ့ အချက်အလက်တွေကိုလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။

xiaomi-mi-note2-leaks

ပေါက်ကြားလာတဲ့ ပုံရိပ်တွေအရ ပစ္စည်းဟာ မျက်နှာပြင်ကွေး ပုံစံနဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး ကောလဟာလသတင်းတွေကတော့ ဗားရှင်းပုံစံနှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကတော့ 1080p resolution မျက်နှာပြင်နဲ့ နောက်တစ်ခုကတော့ QHD မျက်နှာပြင်တို့ပဲ ဖြစ်ပါတယ်။



နောက်ထပ်ပေါက်ကြားလာတဲ့ ပုံရိပ်အချို့အရ မျက်နှာပြင်အကျယ် ၅.၅လက်မအရွယ် OLED မျက်နှာပြင်၊ သတ္တုကိုယ်ထည်၊ 6GB RAM နဲ့ 128GB internal memory တို့ပါဝင်မှာဖြစ်ပြီး Processor အနေနဲ့ Snapdragon 821 chipset ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment