Pokémon Go မှာ လူတွေ စိတ်ဝင်စားမှု သိသိသာသာလျော့နည်းလာ


Pokémon Go ဟာ ယခုလပိုင်းအတွင်းမှာ လူစိတ်ဝင်စားမှုအများဆုံးဂိမ်းဆိုတာ ငြင်းစရာမလိုပါဘူး။ ထူးခြားတဲ့ gameplay ပုံစံ၊ Augmented Reality နည်းပညာကို လူတိုင်းဆီ ပို့ဆောင်ပေးနိုင်ခဲ့မှုတို့ကြောင့် မိုဘိုင်းဂိမ်းလောကမှာ သမိုင်းတွင်ခဲ့တဲ့ဂိမ်းတစ်ခုလို့ ဆိုရမှာပါ။

Pokémon Go ဟာ ထွက်ရှိပြီးပြီးချင်းတစ်ပတ်အတွင်းမှာ ဒေါင်းလုဒ်ရယူမှုအကြိမ်ပေါင်း ၁၅ သန်းအထိရှိခဲ့ပြီးFacebook ထက်တောင် ဒီဂိမ်းမှာ လူတွေပိုအချိန်ပေးလာကြတာကို တွေ့ရပါတယ်။
ဒါပေမယ့် စိတ်မကောင်းစရာပဲ Pokémon Go အပေါ် လူတွေရဲ့ စိတ်ဝင်စားမှုဟာ တစ်ရက်ပြီးတစ်ရက် လေျာ့နည်းလာတာတွေ့ရပါတယ်။

Bloomberg မှာ ဖော်ပြခဲ့တဲ့ နှုန်းပြဇယားတစ်ခုအရ Pokémon Go နေ့စဉ်ကစားသူအရေအတွက်ဟာ သိသိသာသာကျဆင်းလာပြီး၊ ဂျူလိုင်လအလယ်လောက်မှာ ကစားသူ ၄၅ သန်းဝန်းကျင်ရှိခဲ့ပေမယ့်၊ ယခုလ နောက်ဆုံးအပတ်မှာတော့ ကစားသူ သန်း ၃၀ သာ ရှိတော့တာကို တွေ့ခဲ့ရပါတယ်။

-1x-1.0

ဂိမ်းရေးဆွဲသူ Niantic အတွက်တော့ သတင်းဆိုးတစ်ခုပါပဲ။ ဒါပေမယ့် Apps တွေကို များသောအားဖြင့် လစဉ်အသုံးပြုသူအရေအတွက်ကိုပဲ မူတည်တွက်ချက်ကြတာဖြစ်တာကြောင့်၊ Pokémon Go အနေနဲ့ ကျဆုံးခန်းရောက်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။

ဒီ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာလည်း တရားဝင်ထွက်ရှိဖို့ ကျန်ရှိသေးတာကြောင့် Pokémon Go ကစားသူအရေအတွက်ဟာ ဒီထက်တိုးလာဖို့တော့ ရှိနေပါတယ်။

ဒါပေမယ့် ဂိမ်းထွက်ရှိပြီးကတည်းက အခုထိ ထူးခြားတဲ့ update မလုပ်ပေးနိုင်မှု၊ မြို့ထဲနဲ့ အထင်ကရနေရာတွေမှာပဲ Pokémon ရှားပါးအကောင်တွေများမှုက user တွေကို တဖြည်းဖြည်းနဲ့ စိတ်ပျက်လာစေဖို့ ရှိပါတယ်။

Niantic အနေနဲ့ ယခုအောင်မြင်မှုကို ဆက်လက်ထိန်းထားချင်တယ်ဆိုရင်တော့ user တွေကို ပိုမိုဆွဲဆောင်မှုရှိအောင် Daily Reward လေးတွေ ပေးတာမျိုး၊ Pokémon အကောင်တွေကို Trade လုပ်လို့ ရတာမျိုး စတဲ့ feature အသစ်တွေ ထည့်ပေးသင့်တယ်လို့ ထင်ပါတယ်။ DigitalTimes ပရိတ်သတ်ကြီးကကော ဘယ်လို feature အသစ်တွေ မျှော်လင့်ထားသလဲဆိုတာ ဝေမျှခဲ့ပါဦး။

Credit to ==> Digital Times

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

1 comments:

Not playing Pokemon Go? Download It Now (Available for iOS and Android)

Post a Comment