♪ စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း OPPO F1s စမတ်ဖုန်းက သုံးစွဲသူ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းအဖြစ် ရပ်တည် ♫


သြဂုတ်လ ၁၇ ရက်မှ ၂၅ ရက်ထိ ကြိုတင်မှာယူစနစ်ဖြင့် ရောင်းချ ခဲ့သည့် OPPO F1s စမတ်ဖုန်းသည် စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း ဖုန်းကြို တင်မှာယူနှုန်းမှာ အမှာရယူနိုင်သည့် ဆိုင်အားလုံးေ ရာင်းအား၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး သုံးစွဲသူများ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းတစ်လုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း OPPO Myanmar Sales Team ၏ ထုတ် ဖော်ပြောဆိုချက်များအရသိရသည်။

OPPO ကအသစ်မိတ်ဆက်ပေးလိုက်သော OPPO F1s ကင်မရာဖုန်းမှာ ထူးခြားဆန်းသစ်သည့် နည်းပညာများနှင့်အတူ အရည်အသွေးကောင်းမွန်သည့် Hardware နှင့် Software ပိုင်းဆိုင်ရာ များကြောင့် ဖုန်းသုံးစွဲသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

Selfie တစ်ခေတ်ကို ထူးခြားဆန်းသစ်စေမည့်အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် အတွက် ယခု OPPO မှအသစ်မိတ်ဆက်ပေးလိုက်သည့် F1s ထုန်ကုန်သစ်၏ အရှေ့ဘက် ကင်မရာကို အလင်းဝင်ရောက်မှုအထူးကောင်းမွန်သည့် 16 MP အမျိုးအစားကိုအသုံးပြုထားပါသည်။ သတ္ထုကိုယ် ထည်ဒီဇိုင်း၊ အထူးကောင်းမွန်သည့် selfie ကင်မရာ၊ app များနှင့် ဖုန်းခေါ်ဆိုမှုများကိုပါ တိုက်ရိုက်လုပ်ဆောင် နိုင်သည့် Fingerprint စနစ်များကို အထူးစိတ်ဝင်စားခဲ့ကြပြီး တစ်နိုင်ငံလုံးရှိသုံးစွဲသူများက တခဲနက်ကြိုတင်အမှာများကို ပေးပို့ရယူခဲ့ကြသည်။

OPPO F1s ကို သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ NOVOTEL Hotel ၌ ခမ်းနားသိုက်မြိုက်စွာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီးနောက် သြဂုတ်လ ၁၇ ရက်မှ ၂၅ ရက်အထိ pre-order ကြိုတင်အမှာများကို လက်ခံခဲ့သည်။

Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment