♪ " Windows 10 Anniversary Update ထူးခြားချက်များ " ♫


ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

Windows 7 နောက်ပိုင်း version တွေမှာ ကျနမ user interface ပိုင်းထူးခြားအောင် Microsoft က စဉ်ဆက်မပြတ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေလိုချင်တာနဲ့ Microsoft လုပ်တာတွေက တခြားစီဖြစ် နေခဲ့ပါတယ်။ Windows 10 မှာတော့ Microsoft ရဲ့လုပ်ချက်နဲ့သုံးစွဲသူတွေလိုအပ်ချက်က အတော်ကြီးနီးစပ်လာခဲ့ပါပြီ။ Anniversary update ကတော့ သုံးစွဲသူတွေ လိုအပ်ချက်နဲ့ အနီးစပ်ဆုံးဖြစ်အောင်လုပ်ပေးလိုက်တဲ့ version ဖြစ်ပါတယ်။ သူ့ထဲက ပြုပြင်ပြောင်းလဲမှုအသစ်တွေကို ဒီလိုမြင်ရပါမယ်။

* Start Menu *

Windows 10 ထဲမှာ start Menu ပြန်ပါလာတာကို လူတွေက ကြိုဆိုပါတယ်။ ကွန်ပျူတာပေါ်မှာ Windows 10 သုံးနေတယ်ဆိုတဲ့ ခံစားမှုအစား တက်ဘလက်ပေါ်မှာ Windows 8 သုံးနေတယ်ဆိုတဲ့ ခံစားမှု မခံစားရအောင် လုပ်ပေးထားတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ Start Menu ပြင်ဆင်မှုဟာ Anniversary update မှာ မပြည့်စုံသေးပါဘူးလို့ Microsoft က ပြောထားပါတယ်။
Start Menu နဲ့ပတ်သက်ပြီး ကျေးဇူးတင်စရာကောင်းတာက သူ့ကို အခြေအမြစ်ကလှန်ပြီး ပြောင်းလဲမပစ်တဲ့အချက်ပါ။ Pane ကတော့ အရင် two-pane version ကနေ three-pane version ဖြစ်လာပါတယ်။ ဘယ် ဘက်အစွန်မှာ ရှည်မြောင်းမြောင်း pane သေးသေးလေးတစ်ခု ထပ်ပါလာတယ်။ Pane သေးသေးလေးထဲမှာ accounts နဲ့ပတ်သက်တဲ့ icon တွေ၊ settting နဲ့ power တို့အတွက် icon တွေ ပါပါတယ်။
နောက်ထပ် icon တွေ (ဥပမာ file explorer လို icon မျိုးတွေကို အဲဒီ pane အသေးထဲမှာ ထပ်ထည့်နိုင်တယ်။ setting>personalization > Start က တစ်ဆင့်သွားရပါမယ်။ ပြီးရင် choose which folder appears on start ကိုရွေးရပါမယ်။ Start Menu ထဲမှာ All apps ဆိုတာ ပျောက်သွားပါတယ်။ ကိုယ့် မှာရှိတဲ့ app အားလုံးကို အလယ် pane ထဲမှာ ပုံသေပြပေးထားပါတယ်။ Most used နဲ့ Recently added ထဲမှာ ကြည့်နိုင်ပါတယ်။

* Full Screen Start *

ဒါကအသစ်ထည့်ပေးလိုက်တဲ့စွမ်းဆောင်ချက်အသစ်ဖြစ်ပါတယ်။ သူကတော့ ကွန်ပျူတာကို တက်ဘလက် တစ်လုံးဆိုတဲ့ ခံစားမှုမျိုးပေးနိုင်ပါတယ်။ ဒီနေ့ခေတ် Laptop တွေကလည်း hybird အနေနဲ့ကွန်ပျူတာလိုကော တက်ဘလက်လိုပါ သုံးနိုင်ပြီကိုး။ အခု Windows 10 မှာပါတဲ့ optional full-screen start Mode ကိုလည်း အသေအချာ ဒီဇိုင်းပြန်ဆင်ထားပါတယ်။
Full screen mode ကြောင့် ပိုပြီးရလာမယ့်နေရာနဲ့ လိုက်လျောညီ ထွေဖြစ်အောင် tile တွေရဲ့ နေရာယူမှုကို ပြန်ပြီးအစီအစဉ်ချထားပေးပါတယ်။ Full Screen mode မှာ standard start menu ကိုတွေ့ရပါမယ်။ ဘယ်ဘက်ခြမ်းက pane အသေးလေးနေရာမှာ icon အသစ်တွေ ထပ်ပါလာတဲ့ strip ကို တွေ့ရပါမယ်။
Strip အပေါ်ဘက်မှာ တွေ့ရတဲ့ ရေညီမျဉ်းသုံးကြောင်း နေရာမှာနှိပ်ပြီး icon တွေဟာ ဘာကိုကိုယ်စားပြုတယ်ဆိုတာ ကြည့်နိုင်ပါတယ်။ ဒီနေရာမှာရှိတဲ့ all apps icon ကို နှိပ်ရင် Screen တစ်ခုလုံးကို all-apps view အနေနဲ့ ပြပေးပါမယ်။ အဲဒီထဲမှာ Most used နဲ့ Recently added တို့ကို screen အပေါ်နားမှာ တွေ့ရပါမယ်။

* Improved Notifications *

Toast notification လို့ခေါ်တဲ့ popup notification ကို screen ရဲ့ အောက်ဘက်ညာဘက်ထောင့်မှာ ပြပေးပါမယ်။ Action center ထဲက ဝင်ပြီးလည်း အဲဒီ notification တွေ ကိစ္စမှာဖြေရှင်းနိုင်ပါတယ်။ အခုထိတော့ toast notification ဟာ အခြေခံအဆင့်ပဲရှိပါသေးတယ်။ အဲဒီထဲမှာ information တွေ image တွေနဲ့ clickable link တွေ ပိုပြီးထည့်နိုင်အောင် software ရေးသူတွေကို အခွင့်အရေးပေးထားပါတယ်။ တချို့ notification တွေရဲ့ အသွင်အပြင်နဲ့ အလုပ်လုပ်ပုံက Live tile နဲ့ ပိုပြီးတူလာပါတယ်။
ပိုပြီးထူးခြားလာတာက application တစ်ခုစီနဲ့ပတ်သက်တဲ့ notification ကို ပိုပြီး control လုပ်လာနိုင်တာဖြစ်ပါတယ်။ setting > system < Notifications & actions အတိုင်းဝင်ပြီး အောက်ဘက်ကိုဆင်းသွားရပါမယ်။ ပြီးလို့ app တစ်ခုကို ကလစ်နှိပ်လိုက်မယ်ဆိုရင် ရွေးနိုင်တဲ့ options တွေကို တွေ့နိုင်ပါတယ်။ အခုအချိန်မှာ notification ဘယ်လောက်ထိပဲ action centre မှာ ပြခွင့်ပြုမယ်ဆိုတာ ရွေးချယ်ခွင့်ရှိလာပါတယ်။ ဒ့ါအပြင် priority level လည်း သတ်မှတ်ခွင့်ရှိလာပါတယ်။

* Improved Quick Actions in Notification Area *

Action center panel ရဲ့အောက်ခြေမှာ Stortcut အနေနဲ့ ရှိခဲ့တဲ့ Quick actions ဟာ Windows 10 မူလ ပြန်ဖန်တီးမှုမှာအသုံးနည်းပါတယ်။ Microsoft က Anniversary update မှာ ဒါကိုပုံစံပြန်ပြောင်းပေး လိုက်တဲ့အတွက် ကျေးဇူးတင်ရပါလိမ့်မယ်။ setting > system > Notifications and actions အတိုင်းဝင်ပြီး Add or remove Quick actions မှာ ကလစ်နှိပ်ရပါမယ်။ ဘယ်ဟာကို ပြစေချင်သလဲဆိုတာ ရွေးပေးဖို့ ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့အစီအစဉ်အတိုင်း app တွေကို drag and drop ဆွဲ ပြီး ထည့်ပေးနိုင်ပါတယ်။ အသုံးအများဆုံး app တွေကို ပထမဦးစားပေးအနေနဲ့ ထည့်သင့်ပါတယ်။ နောက်တစ်ကြိမ် update ထွက်လာခဲ့ရင်တော့ Microsoft ဟာ ဒီထက်ပိုပြီး customization options ကို နက်နက်ရှိုင်းရှိုင်းလုပ်နိုင်အောင် စီစဉ်ပေးသင့်ပါ တယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ action တွေကို action center ကနေ ရွေးချယ်ခွင့်ရသင့်ပါတယ်။

* New Takbar Options *

Taskbar ရဲ့အသွင်ပြင်နဲ့ အလုပ်လုပ်ပုံကတော့ အရင်ကပုံစံနဲ့ အတော်များများတူပါတယ်။ ဒါပေမဲ့ Taskbar မှာရှိတဲ့ icon တွေရဲ့ အလုပ်လုပ်ပုံကတော့ နည်းနည်းလေးကွဲလွဲသွားပါတယ်။ ပြောင်းလဲသွားတဲ့ အရာတွေ ထဲက တစ်ခုကိုကြည့်ရင် Taskbar customization ကိုတွေ့ရပါမယ်။ Anniversary update မထွက်ခင်တုန်းက taskbar နဲ့ Notification တို့ကို ပြောင်းလဲနိုင်မယ့် option တွေရှိတဲ့နေရာဟာ OS ထဲမှာ တကွဲစီဖြစ်နေ ပါတယ်။ အခုအချိန်မှာ Taskbar ပေါ် ညာကလစ်ထောက်ပြီး setting option ကို ခေါ်နိုင်ပါတယ်။ အဲဒီတစ်နေရာတည်းကနေ Taskbar ရဲ့ လိုအပ်ချက်အားလုံးကို ဆောင်ရွက်နိုင်ပါတယ်။ setting > personalzation > Taskbar ကတစ်ဆင့်လည်းသွားနိုင်ပါတယ်။ Setting ထဲမှာ Taskbar ကို အလို အလျောက်ဖျောက်ထားနိုင်တဲ့ option ပါတယ်။ Multi-monitor setup ကိုသုံးမယ်ဆိုရင် Screen အားလုံးပေါ်မှာ Taskbar ပေါ်နိုင်မလား မပေါ်နိုင်ဘူးလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment