♪ Galaxy Note 7 ဖုန်းကို ရေထဲထည့်ခဲပြီး ပေတစ်ရာအမြှင့်ကနေပစ်ချတဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ ♫


သင့်ရဲ့ Samsung Galaxy Note 7 ဖုန်းသစ်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ပြီးပါပြီလား? ဈေးကြီးတဲ့ ပစ္စည်းမို့လို မစမ်းသပ်ရဲဘူးဆိုရင် သင့်အနေနဲ့ YouTube က ဖုန်းနဲ့ တက်ဘလက်တွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့ အဖွဲ့ရဲ့ ဗီဒီယိုကိုသင့်အနေနဲ့ ကြည့်ရှုသင့်ပါတယ်။ ဒီအဖွဲ့ရဲ့ စမ်းသပ်မှုဟာ Galaxy ဖုန်းတွေကို သာမန် ရေထဲမှာထည့်ပြီး စိမ်ပြတဲ့ စမ်းသပ်မှုမျိုးမဟုတ်ပဲ တကယ့်ကို အကြမ်းပတမ်းနဲ့ စမ်းတဲ့ စမ်းသပ်ပြကွက်တွေပဲ ဖြစ်ပါတယ်။

ယခုတစ်ခါစမ်းသပ်မှုမှာလည်း Galaxy Note 7 ဖုန်းရဲ့ ရေစိမ်ခံတဲ့စွမ်းရည်ကိုသာမက အကြမ်းပတမ်းခံနိုင်တာကိုပါ စမ်းသပ်ခဲ့တာပါ။ အရင်ဆုံး Galaxy Note 7 ကိုရေအပြည့်ဖြည့်ထားတဲ့ ဇလုံတစ်ခုထဲ ထည့်လိုက်ပါတယ်။ အဲ့ဒီနောက် ရေဇလုံကို ရေခဲသေတ္တာထဲထည့် ခဲလိုက်ပါတယ်။ ဒီအခါမှာ ဖုန်းကတော့ ပျက်ပြီဆိုပြီး ထင်စရာရှိခဲ့တာအမှန်ပါပဲ။

ရေခဲသေတ္တာထဲထည့်ပြီး ၆နာရီအကြာ ရေအတော်လေးခဲလာတဲ့အခါမှာ ဖုန်းဟာ မျက်နှာပြင်မီးရောင်ဖျော့ဖျော့လင်းပြီး စခရင်က လှုပ်ရှားနေခဲ့ပါတယ်။ App တွေထဲဝင်တာတွေဖြစ်နေခဲ့တာပါ။ ဘက်ထရီကတော့ အလုပ်လုပ်နေဆဲပါပဲ။အဲ့ဒီနောက် ၂၃နာရီကြာရေခဲထားပြီးတဲ့အခါမှာတော့ ဘက်ထရီဟာ လုံးဝ “၀%” အနေအထား ရောက်ရှိသွားခဲ့ပါတယ်။ ဖုန်းလဲရေခဲထဲမှာ လုံးဝ ပိတ်သွားခဲ့ပါတယ်။

galaxy-note7-test2

ဒါပေမယ့် အဖွဲ့ရဲ့ စမ်းသပ်ချက်ဟာ မပြီးဆုံးသေးပဲ Note 7 ဖုန်းပါဝင်နေတဲ့ ရေခဲတုံးကြီးကို ပေတစ်ရာ အမြင့်ရှိတဲ့ တိုက်ပေါ်ယူဆောင်ကာ အပေါ်ကနေ ပစ်ချခဲ့တာပါ။ ရေခဲတွေလဲ အစိတ်စိတ်၊ အမွှာမွှာကွဲပြန့်သွားပြီး ဖုန်းလဲလွင့်စင်သွားခဲ့ပါတယ်။ ဖုန်းကတော့ လုံးဝပျက်သွားပြီလို့ ထင်ခဲ့ရပေမယ့် Note 7 ကတော့ ဘယ်လိုမှ မနေခဲ့ပါဘူး။

အဲ့ဒီနောက် ဖုန်းကိုအားပြန်သွင်းပြီး ပါဝါဖွင့်ကြည့်တဲ့အခါ နဂိုအတိုင်း အလုပ်လုပ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုစမ်းသပ်ချက်ကိုခံနိုင်ရည်ရှိပြီး နဂိုအတိုင်းအလုပ်လုပ်တာဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

galaxy-note7-test4

Credit to ==> Digital Times

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment