♪ Seagate က 60TB Solid State Drive ကို မိတ်ဆက် ♫

၁

Seagate က ကမ္ဘာ့ ပထမဆုံး အဖြစ် 60TB SSD ကို မိတ်ဆက်လိုက်ပြီး Samsung က မကြာခင်က မိတ်ဆက်ခဲ့တဲ့ 45TB SSD ကို အနိုင်ယူလိုက်ပါတယ်။ Seagate က Data Center များအတွက် ရည်ရွယ် ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပြီး Consumers များအတွက် မဟုတ်ပါဘူး။

Seagate နဲ့ Samsung တို့ရဲ့ Drive ၂ ခုစလုံးမှာ Servers များနဲ့ Compatibility ဖြစ်တဲ့ Serial Attached SCSI (SAS) Interface ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် နေအိမ်သုံး ပီစီများနဲ့ အလုပ်မလုပ်ပါဘူး။ Seagate 60TB SSD မှာ လူမှုကွန်ရက် စံနှုန်း ဓါတ်ပုံပေါင်း သန်း ၄၀၀ သို့မဟုတ် DVD Movies ပေါင်း ၁၂၀၀၀ ထည့်သွင်း သိမ်းဆည်းနိုင်ပါတယ်။

လက်ရှိမှာ Seagate 60TB SSD ဟာ နမူနာပုံစံ အဆင့်သာရှိသေးပြီး လာမယ့်နှစ်မှာ စတင် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။


Credit to ==> Myanmar Digital Life Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment