♪ ပိတ်ရခက်တဲ့ကြော်ငြာတွေ ပြထားတဲ့ဝက်ဘ်ဆိုဒ်တွေကို Google က အရေးယူသွားမည် ♫


စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာကြော်ငြာတွေ ပြထားတဲ့ မိုဘိုင်းဆိုက်တွေကို Google ကနေ အရေးယူသွားတော့မှာဖြစ်ပါတယ်။ Google ဟာ သူ့ရဲ့ ရှာဖွေမှုရလဒ်ဖော်ပြမှုပုံစံမှာ အကြီးစားပြောင်းလဲပြင်ဆင်မှုနှစ်ခုလုပ်ထားကြောင်း အင်္ဂါနေ့က ကြေငြာခဲ့ပါတယ်။

ပထမဦးဆုံးတစ်ခုကတော့ ဆိုက်တွေကို “မိုဘိုင်းနဲ့ကြည့်လို့အဆင်ပြေကြောင်း” လေဘယ်ပြထားမှုကို ဖြုတ် သွားတော့မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး၊ မိုဘိုင်းဝက်ဘ်ဆိုက်ထဲမှာ user တစ်ယောက် page တစ်ခုကို ပထမဆုံးဖွင့်လိုက်တာနဲ့ စခရင်အပြည့်ကြော်ငြာတက်လာတဲ့ ဆိုက်တွေကို search result မှာ အောက်ကိုပို့ပစ်သွားမှာဖြစ်ပြီး၊ လူတွေ့နှုန်းပိုနည်းသွားမှာဖြစ်ပါတယ်။

ဒီလို စိတ်ညစ်စရာကောင်းတဲ့ interstitials ကြော်ငြာတွေဟာ ဖုန်းစခရင်တစ်ခုလုံးအပြည့်ပေါ်လာသလို၊ ပိတ်ဖို့အတွက် ခလုတ်ကို မြင်သာထင်သာရှိအောင် ပြမထားတာကြောင့်၊ သာမန် user တော်တော်များများဟာ မတော်တဆကလစ်နှိပ်မိတာတွေ ရှိနေပါတယ်။

Google အနေနဲ့ စခရင်အပြည့်ကြော်ငြာပြထားတဲ့ဆိုက်တိုင်းကိုတော့ အရေးယူမှာမဟုတ်ဘဲ၊ ဝက်ဘ်ဆိုဒ်ထဲက အကြောင်းအရာတွေကို ဖတ်ရှုဖို့ခက်အောင် လုပ်ထားတဲ့ဆိုက်တွေကိုပဲ အရေးယူသွားမှာဖြစ်တာကို သိထားသင့်ပါတယ်။ ဒီ့အပြင် ဝက်ဘ်ဆိုဒ်စာမျက်နှာရဲ့ အဓိက content အကြောင်းအရာကို ဖုံးထားတဲ့ Pop-ups ကြော်ငြာတွေ ပြထားတဲ့ဆိုက်တွေကိုလည်း အရေးယူသွားမှာဖြစ်ပါတယ်။

ကြော်ငြာမဟုတ်ဘဲ ဝက်ဘ်ဆိုဒ်ကို Log-in ဝင်ရောက်ဖို့အတွက် စခရင်အပြည့် interstitials သုံးထားတဲ့ ဆိုက်တွေကိုတော့ Google အဆင့်သတ်မှတ်မှုမှာ အောက်ချသွားမှာမဟုတ်ပါဘူး။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment